သင့်ကျန်းမာရေးအတွက် အထောက်အကူပြုဖို့ ကျန်းမာရေးဆောင်းပါးများကို ဖတ်ရှုလိုက်ပါ
Friday, January 1, 2016
အစာအိမ်အချဥ်ပေါက်ခြင်း
(Unicode Version)
အစာအိမ် အချဉ်ပေါက်ခြင်း (Gustro Oesophageal Reflux Disease) ဟာ အစာအိမ် ရေမျိုအောက်ပိုင်း ကြွက်သား အားနည်းတဲ့အခါ အစာအိမ် အတွင်းက အက်စစ်ချဉ်ရည်တွေ အပေါ်ကို လျှံတက်လို့ ဖြစ်ရတာပါ။ရောဂါလက္ခဏာများရင်ပူခြင်း၊ လေချဉ်တက်ခြင်း၊ ခံတွင်းချဉ်ခြင်း၊ အစာစားပြီးပါက ရင်ဝမှာ မီးစထိုးသကဲ့သို့ ပူခြင်း၊ အစာများ မကြာခဏ အပေါ်သို့တက်ခြင်း၊ တံတွေး အထွက်များခြင်းနဲ့ တခြားလက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။
တခြားရောဂါ လက္ခဏာများ
=================
ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ မောခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လည်ချောင်းနာခြင်း၊ လည်ချောင်းယားခြင်း၊ အသံဝင်ခြင်း၊ မကြာခဏ လည်ချောင်းဝ တစ်ဆို့ခြင်း၊ နားယားခြင်း၊ နားကိုက်၊ နားလေထွက်ခြင်း၊ သွားပိုးစားခြင်း၊ခံတွင်းအနံ့ မကောင်းခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်းနဲ့ အအေးမိခြင်းတို့ ဖြစ်တတ်ပါတယ်။
ရောဂါပိုဆိုးစေခြင်း
============
အဝလွန်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ အဝတ်အစား တင်းကျပ်စွာဝတ်ခြင်း၊ အစာစားသုံးမှု များလွန်းခြင်း၊ တစ်ကြိမ်တည်းဖြင့် အစားများစွာ စားသုံးခြင်း၊ ကြာရှည် ဆောင့်ကြောင့်ထိုင်ခြင်း၊ မကြာခဏ ခါးကုန်းခြင်း၊ ပစ္စည်းအလေးမခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးငုံခြင်းနဲ့ ဓာတ်မတည့်တ့ဲ ဆေးသုံးစွဲမိခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ရောဂါပိုဆိုးစေတဲ့ ဆေးများ
=================
ဗိုက်နာပျောက်ဆေး၊ ရင်ကျပ်ပျောက်ဆေး၊ ပိုးသတ်ဆေး၊ အကိုက်အခဲ ပျောက်ဆေး၊ သံဓာတ်အားဆေး၊ ဗီတာမင်စီ၊ ဝိတ်ကျရောဂါ ပျောက်ဆေးနဲ့ သွေးတိုးကျဆေး တို့ကြောင့် ရောဂါက ိုပိုမိုဆိုးရွား စေပါတယ်။
ရောဂါနဲ့ မတည့်တဲ့အစာ
===============
ပူလွန်း၊ စပ်လွန်း၊ ချဉ်လွန်းတဲ့ အစားအစာတွေ၊ ငရုတ်ကောင်း၊ ခရမ်းချဉ်သီး၊ ပဲအမျိုးမျိုး၊ နာနတ်သီး၊ ဆီပြန်ဟင်း၊ ဆီနဲ့ကြော်တဲ့ အစာများ၊ မဆလာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ပါဝင်တဲ့ အစားအစာများ၊ ချောကလက်နဲ့ ဂက်စ်ပါတဲ့ အရည်များ၊ ကွမ်း၊ ဆေးလိပ်၊ အရက်၊ လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်၊ ဖာလာ၊ လေးညှင်း၊ ပရုတ်၊ သစ်ကြံပိုး၊ လိမ္မော်ရည်၊ ခရမ်းချဉ်သီးနဲ့ ပြုလုပ်ထားတဲ့ အစားအစာများ ပါဝင်ပါတယ်။
ရောဂါနောက်ဆက်တွဲ ဆိုးကျိုးများ
======================
အစာရေမျို ကျဉ်းပြီး အစာမမျိုနိုင်ခြင်း၊ သွေးအန်ခြင်း၊ ဝမ်းအမည်းသွားခြင်း၊ သွေးအားနည်းခြင်း၊ အစာရေမျို ရောင်ခြင်း၊ အစာရေမျို ကင်ဆာဖြစ်ခြင်းနဲ့ တခြားဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်တယ်။
ရောဂါရှာဖွေခြင်း
===========
ရောဂါလက္ခဏာနဲ့ ဆိုင်တဲ့မေးခွန်းမေးခြင်း၊ အစာအိမ် ဆေးပေးပြီး စမ်းသပ်ခြင်း၊ အစာအိမ် မှန်ပြောင်းကြည့်ခြင်း၊ အစာအိမ် အက်စစ်ဓာတ် တိုင်းတာခြင်း၊ အစာအိမ် ကြွက်သားညှစ်နိုင်မှု တိုင်းခြင်းနဲ့ ဆေးဓာတ်မှန် ရိုက်ခြင်းတို့ဖြင့် ရောဂါရှာဖွေ နိုင်ပါတယ်။
ရောဂါဖြစ်ရင်
========
ကိုယ်အလေးချိန် လျှော့ချရမယ်။
အဝတ်အစား တင်းတင်းကျပ်ကျပ် ဝတ်ခြင်းက ရှောင်ကြဉ်ရမယ်။ ပစ္စည်းအလေးတွေ မ မသင့်ပါဘူး။ မကြာခဏ ခါးမကုန်းသင့်ပါ။ အစာ စားပြီးလျှင်ပြီးချင်း အိပ်ရာဝင်ခြင်း၊ လဲလျောင်းခြင်း၊ အစားများများ စားခြင်း မပြုလုပ်သင့်ပါ။ အိပ်စက်ရာမှာလည်း ခေါင်းအုံးကို ၆ လက်မမြှင့်ပြီး အိပ်ခြင်း၊ မတည့်တဲ့ အစာနဲ့ ဆေးရှောင်ခြင်း၊ ဆေးလိပ်၊ အရက်၊ ကွမ်းဖြတ်ခြင်း၊ ဆရာဝန် ညွှန်ကြားတဲ့ ဆေးတွေကို သတ်မှတ်ထားတဲ့ ရက်၊ လ၊ နှစ်အထိ သောက်သုံးသင့်ပါတယ်။
ကုသခြင်းနှင့် ကုသမှုကာလ
=================
ဆေးဝါးနဲ့ကုသခြင်း၊ ရယ်နီတီဒင်း၊ မက်ထရို၊ အမောက်ဆလင်၊ အင်တဆစ် ဆေးလေးမျိုး တစ်နေ့သုံးကြိမ် တစ်ပတ်ကနေ ၁ဝ ရက်အထိ တိုက်ခြင်း၊ ခွဲစိတ်ကုသခြင်းနဲ့ မှန်ပြောင်းမှတစ်ဆင့် ကုသမှု ခံယူခြင်းတို့ လိုအပ်ပါတယ်။အနည်းဆုံးနှစ်လ ဆေးသောက်ရမယ်။ ဆေးရပ်ရင် ရောဂါ ပြန်ဖြစ်တတ်လို့ မိသားစု ဆရာဝန်နဲ့ ပြသရမယ်။
ခွဲစိတ်ခြင်း
=======
ဆေးဝါးနဲ့ ကုသလို့ မပျောက်သူများ၊ ဆေးကြာရှည် မသောက်လိုသူများ၊ အစာရေမျို ကျဉ်းသူများ၊ ကင်ဆာရောဂါ ရှိသူများ၊ အစာအိမ်ကျုံ့တဲ့ လူနာများ၊ ၂၄ နာရီအက်စစ်ဓာတ် များလွန်းတဲ့ လူနာများ အနေနဲ့ ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။
မှန်ပြောင်းဖြင့်ကုသခြင်း
===============
မှန်ပြောင်းနဲ့ကြည့်ပြီး အစာရေမျို ပြွန်အောက်ပိုင်း ကြွက်သား ပြန်ကောင်းအောင် လုပ်တာ၊ ချုပ်တာလုပ်နိုင်တယ်။
ဒေါက်တာလွင်သန့်(ဆေး-၂)
~~~~~~~~~~~~~~~~~~~~~~~~~~~
(Zawgyi Version)
အစာအိမ္ အခ်ဥ္ေပါက္ျခင္း (Gustro Oesophageal Reflux Disease) ဟာ အစာအိမ္ ေရမ်ဳိေအာက္ပိုင္း ႂကြက္သား အားနည္းတဲ့အခါ အစာအိမ္ အတြင္းက အက္စစ္ခ်ဥ္ရည္ေတြ အေပၚကို လွ်ံတက္လို႔ ျဖစ္ရတာပါ။ေရာဂါလကၡဏာမ်ားရင္ပူျခင္း၊ ေလခ်ဥ္တက္ျခင္း၊ ခံတြင္းခ်ဥ္ျခင္း၊ အစာစားၿပီးပါက ရင္ဝမွာ မီးစထိုးသကဲ့သို႔ ပူျခင္း၊ အစာမ်ား မၾကာခဏ အေပၚသို႔တက္ျခင္း၊ တံေတြး အထြက္မ်ားျခင္းနဲ႔ တျခားလကၡဏာေတြ ျဖစ္ေစႏိုင္ပါတယ္။
တျခားေရာဂါ လကၡဏာမ်ား
===================
ေခ်ာင္းဆုိးျခင္း၊ ရင္က်ပ္ျခင္း၊ ေမာျခင္း၊ ရင္ဘတ္ေအာင့္ျခင္း၊ လည္ေခ်ာင္းနာျခင္း၊ လည္ေခ်ာင္းယားျခင္း၊ အသံဝင္ျခင္း၊ မၾကာခဏ လည္ေခ်ာင္းဝ တစ္ဆုိ႔ျခင္း၊ နားယားျခင္း၊ နားကိုက္၊ နားေလထြက္ျခင္း၊ သြားပိုးစားျခင္း၊ခံတြင္းအနံ႔ မေကာင္းျခင္း၊ ထိပ္ကပ္နာျဖစ္ျခင္းနဲ႔ အေအးမိျခင္းတုိ႔ ျဖစ္တတ္ပါတယ္။
ေရာဂါပိုဆုိးေစျခင္း
================
အဝလြန္ျခင္း၊ ကိုယ္ဝန္ရွိျခင္း၊ အဝတ္အစား တင္းက်ပ္စြာဝတ္ျခင္း၊ အစာစားသံုးမႈ မ်ားလြန္းျခင္း၊ တစ္ႀကိမ္တည္းျဖင့္ အစားမ်ားစြာ စားသံုးျခင္း၊ ၾကာရွည္ ေဆာင့္ေၾကာင့္ထုိင္ျခင္း၊ မၾကာခဏ ခါးကုန္းျခင္း၊ ပစၥည္းအေလးမျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း၊ ကြမ္းစားျခင္း၊ ေဆးငံုျခင္းနဲ႔ ဓာတ္မတည့္တ့ဲ ေဆးသံုးစြဲမိျခင္း စတာေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
ေရာဂါပိုဆုိးေစတဲ့ ေဆးမ်ား
=====================
ဗုိက္နာေပ်ာက္ေဆး၊ ရင္က်ပ္ေပ်ာက္ေဆး၊ ပိုးသတ္ေဆး၊ အကိုက္အခဲ ေပ်ာက္ေဆး၊ သံဓာတ္အားေဆး၊ ဗီတာမင္စီ၊ ဝိတ္က်ေရာဂါ ေပ်ာက္ေဆးနဲ႔ ေသြးတုိးက်ေဆး တုိ႔ေၾကာင့္ ေရာဂါက ိုပိုမိုဆိုးရြား ေစပါတယ္။
ေရာဂါနဲ႔ မတည့္တဲ့အစာ
==================
ပူလြန္း၊ စပ္လြန္း၊ ခ်ဥ္လြန္းတဲ့ အစားအစာေတြ၊ င႐ုတ္ေကာင္း၊ ခရမ္းခ်ဥ္သီး၊ ပဲအမ်ဳိးမ်ဳိး၊ နာနတ္သီး၊ ဆီျပန္ဟင္း၊ ဆီနဲ႔ေၾကာ္တဲ့ အစာမ်ား၊ မဆလာ၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ ပါဝင္တဲ့ အစားအစာမ်ား၊ ေခ်ာကလက္နဲ႔ ဂက္စ္ပါတဲ့ အရည္မ်ား၊ ကြမ္း၊ ေဆးလိပ္၊ အရက္၊ လက္ဖက္ရည္၊ ေကာ္ဖီ၊ လက္ဖက္၊ ဖာလာ၊ ေလးညႇင္း၊ ပ႐ုတ္၊ သစ္ႀကံပိုး၊ လိေမၼာ္ရည္၊ ခရမ္းခ်ဥ္သီးနဲ႔ ျပဳလုပ္ထားတဲ့ အစားအစာမ်ား ပါဝင္ပါတယ္။
ေရာဂါေနာက္ဆက္တြဲ ဆိုးက်ဳိးမ်ား
====================
အစာေရမ်ဳိ က်ဥ္းၿပီး အစာမမ်ဳိႏုိင္ျခင္း၊ ေသြးအန္ျခင္း၊ ဝမ္းအမည္းသြားျခင္း၊ ေသြးအားနည္းျခင္း၊ အစာေရမ်ဳိ ေရာင္ျခင္း၊ အစာေရမ်ဳိ ကင္ဆာျဖစ္ျခင္းနဲ႔ တျခားဆုိးက်ဳိးေတြျဖစ္ေပၚေစႏုိင္တယ္။
ေရာဂါရွာေဖြျခင္း
==============
ေရာဂါလကၡဏာနဲ႔ ဆုိင္တဲ့ေမးခြန္းေမးျခင္း၊ အစာအိမ္ ေဆးေပးၿပီး စမ္းသပ္ျခင္း၊ အစာအိမ္ မွန္ေျပာင္းၾကည့္ျခင္း၊ အစာအိမ္ အက္စစ္ဓာတ္ တုိင္းတာျခင္း၊ အစာအိမ္ ႂကြက္သားညႇစ္ႏိုင္မႈ တုိင္းျခင္းနဲ႔ ေဆးဓာတ္မွန္ ႐ိုက္ျခင္းတုိ႔ျဖင့္ ေရာဂါရွာေဖြ ႏုိင္ပါတယ္။
ေရာဂါျဖစ္ရင္
==========
ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ရမယ္။
အဝတ္အစား တင္းတင္းက်ပ္က်ပ္ ဝတ္ျခင္းက ေရွာင္ၾကဥ္ရမယ္။ ပစၥည္းအေလးေတြ မ မသင့္ပါဘူး။ မၾကာခဏ ခါးမကုန္းသင့္ပါ။ အစာ စားၿပီးလွ်င္ၿပီးခ်င္း အိပ္ရာဝင္ျခင္း၊ လဲေလ်ာင္းျခင္း၊ အစားမ်ားမ်ား စားျခင္း မျပဳလုပ္သင့္ပါ။ အိပ္စက္ရာမွာလည္း ေခါင္းအံုးကို ၆ လက္မျမႇင့္ၿပီး အိပ္ျခင္း၊ မတည့္တဲ့ အစာနဲ႔ ေဆးေရွာင္ျခင္း၊ ေဆးလိပ္၊ အရက္၊ ကြမ္းျဖတ္ျခင္း၊ ဆရာဝန္ ၫႊန္ၾကားတဲ့ ေဆးေတြကို သတ္မွတ္ထားတဲ့ ရက္၊ လ၊ ႏွစ္အထိ ေသာက္သံုးသင့္ပါတယ္။
ကုသျခင္းႏွင့္ ကုသမႈကာလ
====================
ေဆးဝါးနဲ႔ကုသျခင္း၊ ရယ္နီတီဒင္း၊ မက္ထ႐ို၊ အေမာက္ဆလင္၊ အင္တဆစ္ ေဆးေလးမ်ဳိး တစ္ေန႔သံုးႀကိမ္ တစ္ပတ္ကေန ၁ဝ ရက္အထိ တိုက္ျခင္း၊ ခဲြစိတ္ကုသျခင္းနဲ႔ မွန္ေျပာင္းမွတစ္ဆင့္ ကုသမႈ ခံယူျခင္းတုိ႔ လိုအပ္ပါတယ္။အနည္းဆံုးႏွစ္လ ေဆးေသာက္ရမယ္။ ေဆးရပ္ရင္ ေရာဂါ ျပန္ျဖစ္တတ္လို႔ မိသားစု ဆရာဝန္နဲ႔ ျပသရမယ္။
ခဲြစိတ္ျခင္း
=========
ေဆးဝါးနဲ႔ ကုသလို႔ မေပ်ာက္သူမ်ား၊ ေဆးၾကာရွည္ မေသာက္လိုသူမ်ား၊ အစာေရမ်ဳိ က်ဥ္းသူမ်ား၊ ကင္ဆာေရာဂါ ရွိသူမ်ား၊ အစာအိမ္က်ဳံ႕တဲ့ လူနာမ်ား၊ ၂၄ နာရီအက္စစ္ဓာတ္ မ်ားလြန္းတဲ့ လူနာမ်ား အေနနဲ႔ ခဲြစိတ္ကုသဖို႔ လိုအပ္ပါတယ္။
မွန္ေျပာင္းျဖင့္ကုသျခင္း
=====================
မွန္ေျပာင္းနဲ႔ၾကည့္ၿပီး အစာေရမ်ဳိ ႁပြန္ေအာက္ပိုင္း ႂကြက္သား ျပန္ေကာင္းေအာင္ လုပ္တာ၊ ခ်ဳပ္တာလုပ္ႏိုင္တယ္။
ေဒါက္တာလြင္သန္႔(ေဆး-၂)
တည်နေရာ:
Yangon, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment