သင့်ကျန်းမာရေးအတွက် အထောက်အကူပြုဖို့ ကျန်းမာရေးဆောင်းပါးများကို ဖတ်ရှုလိုက်ပါ
Wednesday, December 30, 2015
လိင်ပညာပေးမှုအပေါ် မှားယွင်းစွာ နားလည်မှုနဲ့ အန္တရာယ်များ
(Unicode Version)
ကျောင်းတွေ၊ ကျန်းမာရေး အဖွဲ့အစည်းတွေ၊ မီဒီယာတွေက လူငယ်တွေ အတွက် ဘေးကင်းလုံခြုံမှုရှိတဲ့ လိင်မှုကိစ္စဆိုင်ရာ ပညာပေးမှုတွေလုပ်နေတယ် ဆိုပေမယ့် လိင်ဆက်ဆံမှုကနေ ကူးစက်နိုင်တဲ့ရောဂါ (STD) အကြောင်း မသိတဲ့သူတွေ၊ ကွန်ဒုံးကို ဘယ်လိုသုံးစွဲရမယ်ဆိုတာ ကောင်းကောင်း မသိကြသူတွေ ရှိနေတုန်းပါပဲ။ လိင်မှုဆိုင်ရာ ကျန်းမာရေး သို့မဟုတ် မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်လို့ ဗဟုသုတနည်းပါးခြင်းကြောင့် ပဋိသန္ဓေတားဆီးခြင်းနဲ့ ပတ်သက်လို့လည်း နားလည်မှု မှားယွင်းတာတွေ ဖြစ်လာတတ်ပါတယ်။
လိင်ကိစ္စနဲ့ ပတ်သက်လို့ ယုံတမ်းစကားတွေ ကလည်း လူငယ်တွေကြားမှာ အများကြီး ရှိနေပါတယ်။ အရေးကြီးတာက ဘယ်ဟာက မှန်ကန်တဲ့ အချက်ဖြစ်တယ်၊ ဘယ်ဟာကတော့ ယုံတမ်းစကား တွေသာဖြစ်တယ်ဆိုတာကို ခွဲခြားနားလည် နိုင်ဖို့ပါပဲ။ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်လို့ အများစုက လက်ခံထားတဲ့ လွဲမှားနေတဲ့ အယူအဆ အချို့အကြောင်း ကို အမေရိကန် ရုပ်သံဌာန တခုဖြစ်တဲ့ MSNBC က လေ့လာ တင်ပြခဲ့ဖူးပါတယ်။
ပထမဆုံး အကြိမ် လိင်ဆက်ဆံတာဆိုရင် ကိုယ်၀န်မရနိုင်ဘူး၊ အမျိုးသမီးတွေ ရာသီလာနေစဉ်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူး ဆိုတဲ့ အယူအဆတွေ ရှိနေတယ်၊ ဒါပေမယ့် အဲဒါတွေက ယုံတမ်းစကားတွေသာ ဖြစ်တယ်လို့ အဲဒီ သတင်းက ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကွန်ဒုံးကို အသုံးပြုဖို့ အရေးကြီးတယ်လို့လည်းပြောပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပဋိသန္ဓေတားဆီးဖို့ နဲ့ လိင်ဆက်ဆံမှုကနေ ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တခု ဖြစ်နေလို့ပါပဲ။
MSNBC ရဲ့ သတင်းမှာ ပါတဲ့ နောက်ထပ် အယူအဆမှား တခုကတော့ အိမ်သာ ကမုတ်တွေကနေ လိင်ဆက်ဆံမှုကနေ ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်နိုင်တယ် ဆိုတာပါပဲ။ ဒါပေမယ့် တကယ်တော့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကသာ ရောဂါကူးစက်နိုင်ခြေ ပိုမြင့်မားပါတယ်။
အမျိုးသမီးတွေ ရာသီလာနေစဉ် အတွင်း လိင်ဆက်ဆံရင် ကိုယ်၀န် မရနိုင်ဘူး ဆိုတာလည်း မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ <<<<<<အမျိုးသားသုတ်ပိုးဟာ အမျိုးသမီးရဲ့ ကိုယ်ခန္ဓာထဲမှာ ၅ ရက်လောက် အထိ ဆက်လက်ရှင်သန်နေနိုင်လို့ ဖြစ်ပါတယ်။>>>>>>
တကယ်လို့ အမျိုးသားက သုတ်မလွှတ်မီ အပြင်ကို ဆွဲထုတ်လိုက်ရင်၊ သုတ်ရည်ကို အမျိုးသမီး ကိုယ်ခန္ဓာ အပြင်ဘက်မှာ ထုတ်ခဲ့ရင် ကိုယ်၀န်မရနိုင်ဘူးဆိုတာလဲ မမှန်ပါဘူး။ အစောပိုင်းမှာ အမျိုးသားအင်္ဂါက ထွက်တဲ့ အရည်(အရည်ကြည်) ထဲမှာ သုတ်ပိုး ပါတဲ့ အတွက် ကိုယ်၀န်ရနိုင်ပါတယ်။
တချို့ကတော့ လိင်ဆက်ဆံပြီးတဲ့ အချိန်မှာရေဆေးလိုက်ရင် ဒါမှမဟုတ် အမျိုးသမီး အင်္ဂါအတွင်း မွေးလမ်းကြောင်းထဲကို ရေ သို့မဟုတ် သန့်စင်ဆေးရည်နဲ့ ဆေးကြောလိုက်ရင် ကိုယ်၀န်မရနိုင်ဘူးလို့ ထင်ကြပါတယ်။ ဒါပေမယ့် သုက်လွှတ်ပြီးတဲ့ အချိန်မှာ သုတ်ပိုးတွေက မ မျိုးဥ ဆီကို ဦးတည်ရွေ့လျားသွားကြမှာ ဖြစ်တဲ့ အတွက် ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။
ပဋိသန္ဓေတားဆေးတွေက လိင်ဆက်ဆံမှုကနေ ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း MSNBC က လိင်ကိစ္စမှာ တက်ကြွသူတွေကို သတိပေးခဲ့ပါတယ်။
အကာအကွယ်မဲ့စွာ လိင်ဆက်ဆံမှု တကြိမ်တခါလောက် လုပ်ရုံနဲ့ ဘာမှမဖြစ်ပါဘူးလို့ ယူဆသူတွေ အနေနဲ့ ဒီလို မလုပ်ခင် တကြိမ်လောက်တော့ ထပ်စဉ်းစားကြည့်သင့်ပါတယ်။ တခါတည်းနဲ့ ကိုယ်၀န်ရှိသွားနိုင်သလို ရောဂါလည်း ရသွားနိုင်ပါတယ်။
ဒါကြောင့် လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်လို့ သိနားလည်ချင်တယ်ဆိုရင် ဆရာ၀န်တွေ၊ ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေ နဲ့ မေးမြန်းဆွေးနွေးတာ အကောင်းဆုံးပါပဲ။
(Zawgyi Version)
ေက်ာင္းေတြ၊ က်န္းမာေရး အဖြဲ႔အစည္းေတြ၊ မီဒီယာေတြက လူငယ္ေတြ အတြက္ ေဘးကင္းလံုၿခံဳမႈရွိတဲ့ လိင္မႈကိစၥဆိုင္ရာ ပညာေပးမႈေတြလုပ္ေနတယ္ ဆိုေပမယ့္ လိင္ဆက္ဆံမႈကေန ကူးစက္ႏိုင္တဲ့ေရာဂါ (STD) အေၾကာင္း မသိတဲ့သူေတြ၊ ကြန္ဒံုးကို ဘယ္လိုသံုးစြဲရမယ္ဆိုတာ ေကာင္းေကာင္း မသိၾကသူေတြ ရွိေနတုန္းပါပဲ။ လိင္မႈဆိုင္ရာ က်န္းမာေရး သို႔မဟုတ္ မ်ိဳးဆက္ပြား က်န္းမာေရးနဲ႔ ပတ္သက္လို႔ ဗဟုသုတနည္းပါးျခင္းေၾကာင့္ ပဋိသေႏၶတားဆီးျခင္းနဲ႔ ပတ္သက္လို႔လည္း နားလည္မႈ မွားယြင္းတာေတြ ျဖစ္လာတတ္ပါတယ္။
လိင္ကိစၥနဲ႔ ပတ္သက္လို႔ ယံုတမ္းစကားေတြ ကလည္း လူငယ္ေတြၾကားမွာ အမ်ားၾကီး ရွိေနပါတယ္။ အေရးႀကီးတာက ဘယ္ဟာက မွန္ကန္တဲ့ အခ်က္ျဖစ္တယ္၊ ဘယ္ဟာကေတာ့ ယံုတမ္းစကား ေတြသာျဖစ္တယ္ဆိုတာကို ခြဲျခားနားလည္ ႏိုင္ဖို႔ပါပဲ။ မ်ိဳးဆက္ပြား က်န္းမာေရးနဲ႔ ပတ္သက္လို႔ အမ်ားစုက လက္ခံထားတဲ့ လြဲမွားေနတဲ့ အယူအဆ အခ်ိဳ႕အေၾကာင္း ကို အေမရိကန္ ႐ုပ္သံဌာန တခုျဖစ္တဲ့ MSNBC က ေလ့လာ တင္ျပခဲ့ဖူးပါတယ္။
ပထမဆံုး အႀကိမ္ လိင္ဆက္ဆံတာဆိုရင္ ကိုယ္၀န္မရႏိုင္ဘူး၊ အမ်ိဳးသမီးေတြ ရာသီလာေနစဥ္မွာ လိင္ဆက္ဆံရင္ ကိုယ္ဝန္မရႏိုင္ဘူး ဆိုတဲ့ အယူအဆေတြ ရွိေနတယ္၊ ဒါေပမယ့္ အဲဒါေတြက ယံုတမ္းစကားေတြသာ ျဖစ္တယ္လို႔ အဲဒီ သတင္းက ဆိုပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကြန္ဒံုးကို အသံုးျပဳဖို႔ အေရးႀကီးတယ္လို႔လည္းေျပာပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ပဋိသေႏၶတားဆီးဖို႔ နဲ႔ လိင္ဆက္ဆံမႈကေန ကူးစက္တတ္တဲ့ ေရာဂါေတြကို ကာကြယ္ဖို႔ အေကာင္းဆံုး နည္းလမ္းေတြထဲက တခု ျဖစ္ေနလို႔ပါပဲ။
MSNBC ရဲ႕ သတင္းမွာ ပါတဲ့ ေနာက္ထပ္ အယူအဆမွား တခုကေတာ့ အိမ္သာ ကမုတ္ေတြကေန လိင္ဆက္ဆံမႈကေန ကူးစက္တတ္တဲ့ ေရာဂါေတြ ကူးစက္ႏိုင္တယ္ ဆိုတာပါပဲ။ ဒါေပမယ့္ တကယ္ေတာ့ အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္းကသာ ေရာဂါကူးစက္ႏိုင္ေျခ ပိုျမင့္မားပါတယ္။
အမ်ိဳးသမီးေတြ ရာသီလာေနစဥ္ အတြင္း လိင္ဆက္ဆံရင္ ကိုယ္၀န္ မရႏိုင္ဘူး ဆိုတာလည္း မဟုတ္ပါဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ <<<<<<အမ်ိဳးသားသုတ္ပိုးဟာ အမ်ိဳးသမီးရဲ႕ ကိုယ္ခႏၶာထဲမွာ ၅ ရက္ေလာက္ အထိ ဆက္လက္ရွင္သန္ေနႏိုင္လို႔ ျဖစ္ပါတယ္။>>>>>>
တကယ္လို႔ အမ်ိဳးသားက သုတ္မလႊတ္မီ အျပင္ကို ဆြဲထုတ္လိုက္ရင္၊ သုတ္ရည္ကို အမ်ိဳးသမီး ကိုယ္ခႏၶာ အျပင္ဘက္မွာ ထုတ္ခဲ့ရင္ ကိုယ္၀န္မရႏိုင္ဘူးဆိုတာလဲ မမွန္ပါဘူး။ အေစာပိုင္းမွာ အမ်ိဳးသားအဂၤါက ထြက္တဲ့ အရည္(အရည္ၾကည္) ထဲမွာ သုက္ပိုး ပါတဲ့ အတြက္ ကိုယ္၀န္ရႏိုင္ပါတယ္။
တခ်ိဳ႕ကေတာ့ လိင္ဆက္ဆံၿပီးတဲ့ အခ်ိန္မွာေရေဆးလိုက္ရင္ ဒါမွမဟုတ္ အမ်ိဳးသမီး အဂၤါအတြင္း ေမြးလမ္းေၾကာင္းထဲကို ေရ သို႔မဟုတ္ သန္႔စင္ေဆးရည္နဲ႔ ေဆးေၾကာလိုက္ရင္ ကိုယ္၀န္မရႏိုင္ဘူးလို႔ ထင္ၾကပါတယ္။ ဒါေပမယ့္ သုက္လႊတ္ၿပီးတဲ့ အခ်ိန္မွာ သုတ္ပိုးေတြက မ မ်ိဳးဥ ဆီကို ဦးတည္ေရြ႕လ်ားသြားၾကမွာ ျဖစ္တဲ့ အတြက္ ထိေရာက္မႈရွိမွာ မဟုတ္ပါဘူး။
ပဋိသေႏၶတားေဆးေတြက လိင္ဆက္ဆံမႈကေန ကူးစက္တတ္တဲ့ ေရာဂါေတြကို ကာကြယ္ေပးႏိုင္မွာ မဟုတ္ဘူးလို႔လည္း MSNBC က လိင္ကိစၥမွာ တက္ႂကြသူေတြကို သတိေပးခဲ့ပါတယ္။
အကာအကြယ္မဲ့စြာ လိင္ဆက္ဆံမႈ တၾကိမ္တခါေလာက္ လုပ္႐ံုနဲ႔ ဘာမွမျဖစ္ပါဘူးလို႔ ယူဆသူေတြ အေနနဲ႔ ဒီလို မလုပ္ခင္ တႀကိမ္ေလာက္ေတာ့ ထပ္စဥ္းစားၾကည့္သင့္ပါတယ္။ တခါတည္းနဲ႔ ကိုယ္၀န္ရွိသြားႏိုင္သလို ေရာဂါလည္း ရသြားႏိုင္ပါတယ္။
ဒါေၾကာင့္ လိင္မႈဆိုင္ရာ က်န္းမာေရးနဲ႔ ပတ္သက္လို႔ သိနားလည္ခ်င္တယ္ဆိုရင္ ဆရာ၀န္ေတြ၊ ကၽြမ္းက်င္တဲ့ ေဆးပညာရွင္ေတြ နဲ႔ ေမးျမန္းေဆြးေႏြးတာ အေကာင္းဆံုးပါပဲ။
Credit :: Writer
တည်နေရာ:
Yangon, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment