သင့်ကျန်းမာရေးအတွက် အထောက်အကူပြုဖို့ ကျန်းမာရေးဆောင်းပါးများကို ဖတ်ရှုလိုက်ပါ
Wednesday, January 6, 2016
ဗိုက်မဆာဘဲ အစာစားခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်
(Unicode Version)
အကယ်လို့များသင်ဟာ ဗိုက်မဆာဘဲနဲ့ အစာစားနေမယ်ဆိုရင်တော့ ကျန်းမာရေးကိုထိခိုက်စေပြီး ရောဂါဖြစ်ပွားနိုင်ချေ မြင့်မားတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။
Cornell တက္ကသိုလ်က လေ့လာသူတွေဟာ ဗိုက်မဆာဘဲ အစာစားလေ့ရှိသူတွေဟာ ဗိုက်ဆာမှာ အစာစားလေ့ရှိသူထက် သွေးထဲမှာ သကြားပါဝင်မှုနှုန်း မြှင့်တက်လေ့ရှိတာကို တွေ့ရှိခဲ့ကြပါတယ်။
အဲ့လိုမျိုး ဗိုက်မဆာဘဲ အစာစားလေ့ရှိသူတွေဟာ အထူးသဖြင့် အသင့်စားသရေစာတွေကို အစားများလေ့ရှိပါတယ်။ ဒါ့ကြောင့်လည်း ကျန်းမာရေးကို သိသိသာသာ အကျိုးသက်ရောက်မှုတွေ ဖြစ်စေတာလို့ သိရပါတယ်။ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်တဲ့ အကြော်ဆီတွေ ၊ တာရှည်ခံဆေးတွေဟာ သရေစာတွေထဲမှာ အများဆုံးပါဝင်နေတာကြောင့်လည်း ကျန်းမာရေးကို ပိုဆိုးစေတာပါ။
သွေးတွင်းသကြားဓာတ် ပါဝင်မှုမြင့်မားရင်တော့ ကျောက်ကပ် ၊ နှလုံး ၊ အသည်း ၊ ဆီးချို ၊ သွေးချို ၊ လေဖြတ်လေငန်း ရောဂါတွေနဲ့ အာရုံကြောရောဂါတွေ ဖြစ်နိုင်ချေမြင့်မားစေပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓာတ်မြင့်မားမှုဟာ ပန်ကရိယကင်ဆာလည်း အဖြစ်များစေပြီး ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း နှေးကွေးသွားစေတယ်လို့ သိရပါတယ်။
လေ့လာသူတွေဟာ ကျောင်းသားတွေကို ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသောက်ခိုင်းခဲ့ပြီး တကယ်ဗိုက်ဆာမှ စားတဲ့ ကျောင်းသားတွေဟာ ဗိုက်မဆာဘဲ စားခဲ့တဲ့ ကျောင်းသားတွေထက် သွေးတွင်း သကြားဓာတ်ပါဝင်မှု နိမ့်ကျလျက်ရှိနေတာကို တွေ့ခဲ့ရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(Zawgyi Version)
အကယ္လို႔မ်ားသင္ဟာ ဗိုက္မဆာဘဲနဲ႔ အစာစားေနမယ္ဆိုရင္ေတာ့ က်န္းမာေရးကိုထိခိုက္ေစၿပီး ေရာဂါျဖစ္ပြားႏုိင္ေခ် ျမင့္မားတယ္လုိ႔ ေလ့လာမႈအသစ္တစ္ရပ္က ဆိုပါတယ္။
Cornell တကၠသိုလ္က ေလ့လာသူေတြဟာ ဗိုက္မဆာဘဲ အစာစားေလ့ရွိသူေတြဟာ ဗုိက္ဆာမွာ အစာစားေလ့ရွိသူထက္ ေသြးထဲမွာ သၾကားပါဝင္မႈႏႈန္း ျမွင့္တက္ေလ့ရွိတာကို ေတြ႔ရွိခဲ့ၾကပါတယ္။
အဲ့လိုုမ်ိဳး ဗိုက္မဆာဘဲ အစာစားေလ့ရွိသူေတြဟာ အထူးသျဖင့္ အသင့္စားသေရစာေတြကို အစားမ်ားေလ့ရွိပါတယ္။ ဒါ့ေၾကာင့္လည္း က်န္းမာေရးကို သိသိသာသာ အက်ိဳးသက္ေရာက္မႈေတြ ျဖစ္ေစတာလို႔ သိရပါတယ္။ က်န္းမာေရးကို ဆိုးဆိုးဝါးဝါးထိခိုက္ေစႏုိင္တဲ့ အေၾကာ္ဆီေတြ ၊ တာရွည္ခံေဆးေတြဟာ သေရစာေတြထဲမွာ အမ်ားဆံုးပါဝင္ေနတာေၾကာင့္လည္း က်န္းမာေရးကို ပိုဆိုးေစတာပါ။
ေသြးတြင္းသၾကားဓာတ္ ပါဝင္မႈျမင့္မားရင္ေတာ့ ေက်ာက္ကပ္ ၊ ႏွလံုး ၊ အသည္း ၊ ဆီးခ်ိဳ ၊ ေသြးခ်ိဳ ၊ ေလျဖတ္ေလငန္း ေရာဂါေတြနဲ႔ အာရံုေၾကာေရာဂါေတြ ျဖစ္ႏုိင္ေခ်ျမင့္မားေစပါတယ္။ ဒါ့အျပင္ ေသြးတြင္းသၾကားဓာတ္ျမင့္မားမႈဟာ ပန္ကရိယကင္ဆာလည္း အျဖစ္မ်ားေစၿပီး ဆဲလ္ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကိုလည္း ေႏွးေကြးသြားေစတယ္လုိ႔ သိရပါတယ္။
ေလ့လာသူေတြဟာ ေက်ာင္းသားေတြကို ကာဘိုဟုိက္ဒရိတ္ ၾကြယ္ဝတဲ့ အစားအစာေတြကို စားေသာက္ခိုင္းခဲ့ၿပီး တကယ္ဗိုက္ဆာမွ စားတဲ့ ေက်ာင္းသားေတြဟာ ဗိုက္မဆာဘဲ စားခဲ့တဲ့ ေက်ာင္းသားေတြထက္ ေသြးတြင္း သၾကားဓာတ္ပါဝင္မႈ နိမ့္က်လ်က္ရွိေနတာကို ေတြ႔ခဲ့ရပါတယ္။
တည်နေရာ:
Yangon, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment