သင့်ကျန်းမာရေးအတွက် အထောက်အကူပြုဖို့ ကျန်းမာရေးဆောင်းပါးများကို ဖတ်ရှုလိုက်ပါ
Tuesday, June 20, 2017
မီးဖွားပြီးနောက် ပထမဆုံး အကြိမ် ချစ်တင်းမနှောခင် ကြိုတင် သိထားသင့်သည်များ
(Unicode Version)
မီးဖွားပြီးနောက် ပထမဆုံး အကြိမ် ချစ်တင်းမနှောခင် ကြိုတင် သိထားသင့်သည်များ
(မေမေဖေဖေတို့ အမေးများတဲ့ မေးခွန်းလေးပါ)
အမျိုးသမီးတွေ မီးဖွားပြီးတဲ့ အခါမှာ ခင်ပွန်းသည်နဲ့ ချစ်တင်းနှောနိုင်ဖို့အတွက် ရက်သတ္တပတ် ၆ ပတ်ခန့် စောင့်ဆိုင်းရတယ် ဆိုတာ သေချာပါတယ်။
ဒါပေမယ့် သိထားရမှာတစ်ခုက မီးဖွားပြီး ကာစ အမျိုးသမီး တစ်ယောက် အနေနဲ့ ချစ်တင်းနှောဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ခံစားရရင် ၆ ပတ်လုံး စောင့်ဆိုင်း သင့်သလို တစ်ကယ်လို့များ ဆရာဝန်ကလည်း အဆင်သင့် ဖြစ်နေပြီလို့ ပြောလာပြီး အရာအားလုံးလည်း အဆင်ပြေနေတယ်လို့ ခံစားရတယ်ဆိုရင်တော့ ၆ ပတ်လုံး စောင့်နေစရာ မလိုပါဘူး။ ဒါပေမယ့်လည်း သင့်အနေနဲ့ မီးဖွားပြီးနောက် ပထမဆုံးအကြိမ် လိင်ဆက်ဆံတော့မယ် ဆိုရင် အဲ့ဒီလို လိင်ဆက်ဆံမှုအတွက် သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။
၁။ မိခင်နို့ချို ထွက်နေပါလိမ့်မယ် ☺
သင်ဟာ မိခင်နို့တိုက်ကျေွးသူဖြစ်စေ၊ မတိုက်ကျေွးသူဖြစ်စေ သင့်ရင်သား တွေဟာ မီးဖွားပြီးတာနဲ့ မိခင်နို့ချိုကို ထုတ်လုပ်နေမှာ သေချာပါတယ်။ မိခင်နို့မတိုက်ပဲ အချိန်တစ်ခု ကြာအောင် နေလိုက်မှသာ နို့ချိုထုတ်လုပ်မှု ရပ်နားသွားမှာ ဖြစ်တာကြောင့် သင်ဟာ မီးဖွားပြီး ပထမဆုံး လိင်ဆက်ဆံတဲ့အခါမှာ သင့်လက်တွဲဖော်ရဲ့ အထိအတွေ့တွေကြောင့် နို့ချိုထွက်လာနိုင်ပါတယ်။
၂။ နာကျင်ရပါလိမ့်မယ် 😣
အမျိုးသမီးတိုင်းတော့မဟုတ်ပေမယ့် အမျိုးသမီး အများစုဟာ မီးဖွားပြီးနောက် ပထမဆုံး လိင်ဆက်ဆံတဲ့အခါမှာ လိင်အင်္ဂါအတွင်းက တစ်သျှူးများ ထိခိုက်မှု၊ နောက်ကျော နာကျင်မှု ၊ သွေးလိပ်ခေါင်းရောဂါ အစရှိတဲ့ နာကျင်မှုတွေကို ကြုံတွေ့ရလေ့ ရှိပါတယ်။ ဒါပေမယ့် ခဏတာအတွက်ပဲ နာကျင်ရတာပါ။ အဲဒီလို မီးဖွားပြီးနောက် ပထမဆုံး လိင်ဆက်ဆံလို့ ဘာနာကျင်မှု မှ မခံစားရသည်ဖြစ်စေ ၊ အလွန်အမင်း နာကျင်ခံစားရသည်ဖြစ်စေ သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် တိုင်ပင်သင့်ပါတယ်။
၃။ အပြစ်ရှိသလို ခံစားရပါလိမ့်မယ် 😩
မိခင်ဖြစ်ကာစ အမျိုးသမီးတွေ ခံစားရလေ့ရှိတာက မိမိရင်သွေး အနားက မိနစ်အနည်းငယ်လောက် ဝေးကွာသွားတဲ့အခါမှာ စိတ်ထဲမှာ မကောင်းသလို ဖြစ်လာတာပါ။ ဒါပေမယ့်လည်း ရင်သွေးအနားက မခွာနိုင်လို့ လက်တွဲဖော်ရဲ့ စိတ်ဆန္ဒတွေကို လစ်လျုရှုလိုက်ရင်လည်း အပြစ်ရှိတယ်လို့ ခံစားရမှာပါပဲ။ ဒါကြောင့် မီးဖွားပြီးနောက် ပထမဆုံး အကြိမ်ပြန်ပြီး လိင်ဆက်ဆံတဲ့အခါ အပြစ်ရှိနေသလို ခံစားနေရမှာပါ။
၄။ ပြန်လည် သန့်ရှင်းရေး လုပ်ဖို့ လိုအပ်ပါလိမ့်မယ်
မီးဖွားပြီးနောက် ပထမဆုံး လိင်ဆက်ဆံမယ်ရင် အပေါ်မှာ ဖော်ပြခဲ့သလိုပဲ မိခင်နို့ချိုထွက်ရှိလာခြင်း ၊ လိင်အင်္ဂါ အတွင်းက တစ်သျှူးတွေ ထိခိုက်မှုကြောင့် သွေးထွက်လာခြင်း အပါအဝင် ခန္ဒာကိုယ်တွင်းက ထုတ်လုပ်တဲ့ အရည်အချို့ကြောင့် သင်ဟာ လိင်ဆက်ဆံပြီးရင်တော့ ပြန်လည် သန့်ရှင်းရေး လုပ်ကို လုပ်ရပါလိမ့်မယ်။
Credit :: Trend Myanmar
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(Zawgyi Version)
မီးဖြားၿပီးေနာက္ ပထမဆုံး အႀကိမ္ ခ်စ္တင္းမေႏွာခင္ ႀကိဳတင္ သိထားသင့္သည္မ်ား
(ေမေမေဖေဖတို႔ အေမးမ်ားတဲ့ ေမးခြန္းေလးပါ)
အမ်ိဳးသမီးေတြ မီးဖြားၿပီးတဲ့ အခါမွာ ခင္ပြန္းသည္နဲ႕ ခ်စ္တင္းေႏွာနိုင္ဖို႔အတြက္ ရက္သတၱပတ္ ၆ ပတ္ခန႔္ ေစာင့္ဆိုင္းရတယ္ ဆိုတာ ေသခ်ာပါတယ္။
ဒါေပမယ့္ သိထားရမွာတစ္ခုက မီးဖြားၿပီး ကာစ အမ်ိဳးသမီး တစ္ေယာက္ အေနနဲ႕ ခ်စ္တင္းေႏွာဖို႔ အဆင္သင့္ မျဖစ္ေသးဘူးလို႔ ခံစားရရင္ ၆ ပတ္လုံး ေစာင့္ဆိုင္း သင့္သလို တစ္ကယ္လို႔မ်ား ဆရာဝန္ကလည္း အဆင္သင့္ ျဖစ္ေနၿပီလို႔ ေျပာလာၿပီး အရာအားလုံးလည္း အဆင္ေျပေနတယ္လို႔ ခံစားရတယ္ဆိုရင္ေတာ့ ၆ ပတ္လုံး ေစာင့္ေနစရာ မလိုပါဘူး။ ဒါေပမယ့္လည္း သင့္အေနနဲ႕ မီးဖြားၿပီးေနာက္ ပထမဆုံးအႀကိမ္ လိင္ဆက္ဆံေတာ့မယ္ ဆိုရင္ အဲ့ဒီလို လိင္ဆက္ဆံမႈအတြက္ သိထားသင့္တဲ့ အခ်က္ေတြ ရွိပါတယ္။
၁။ မိခင္နို႔ခ်ိဳ ထြက္ေနပါလိမ့္မယ္ ☺
သင္ဟာ မိခင္နို႔တိုက္ေကြၽးသူျဖစ္ေစ၊ မတိုက္ေကြၽးသူျဖစ္ေစ သင့္ရင္သား ေတြဟာ မီးဖြားၿပီးတာနဲ႕ မိခင္နို႔ခ်ိဳကို ထုတ္လုပ္ေနမွာ ေသခ်ာပါတယ္။ မိခင္နို႔မတိုက္ပဲ အခ်ိန္တစ္ခု ၾကာေအာင္ ေနလိုက္မွသာ နို႔ခ်ိဳထုတ္လုပ္မႈ ရပ္နားသြားမွာ ျဖစ္တာေၾကာင့္ သင္ဟာ မီးဖြားၿပီး ပထမဆုံး လိင္ဆက္ဆံတဲ့အခါမွာ သင့္လက္တြဲေဖာ္ရဲ႕ အထိအေတြ႕ေတြေၾကာင့္ နို႔ခ်ိဳထြက္လာနိုင္ပါတယ္။
၂။ နာက်င္ရပါလိမ့္မယ္ 😣
အမ်ိဳးသမီးတိုင္းေတာ့မဟုတ္ေပမယ့္ အမ်ိဳးသမီး အမ်ားစုဟာ မီးဖြားၿပီးေနာက္ ပထမဆုံး လိင္ဆက္ဆံတဲ့အခါမွာ လိင္အဂၤါအတြင္းက တစ္သ်ႉးမ်ား ထိခိုက္မႈ၊ ေနာက္ေက်ာ နာက်င္မႈ ၊ ေသြးလိပ္ေခါင္းေရာဂါ အစရွိတဲ့ နာက်င္မႈေတြကို ႀကဳံေတြ႕ရေလ့ ရွိပါတယ္။ ဒါေပမယ့္ ခဏတာအတြက္ပဲ နာက်င္ရတာပါ။ အဲဒီလို မီးဖြားၿပီးေနာက္ ပထမဆုံး လိင္ဆက္ဆံလို႔ ဘာနာက်င္မႈ မွ မခံစားရသည္ျဖစ္ေစ ၊ အလြန္အမင္း နာက်င္ခံစားရသည္ျဖစ္ေစ သက္ဆိုင္ရာ ဆရာဝန္နဲ႕ သြားေရာက္ တိုင္ပင္သင့္ပါတယ္။
၃။ အျပစ္ရွိသလို ခံစားရပါလိမ့္မယ္ 😩
မိခင္ျဖစ္ကာစ အမ်ိဳးသမီးေတြ ခံစားရေလ့ရွိတာက မိမိရင္ေသြး အနားက မိနစ္အနည္းငယ္ေလာက္ ေဝးကြာသြားတဲ့အခါမွာ စိတ္ထဲမွာ မေကာင္းသလို ျဖစ္လာတာပါ။ ဒါေပမယ့္လည္း ရင္ေသြးအနားက မခြာနိုင္လို႔ လက္တြဲေဖာ္ရဲ႕ စိတ္ဆႏၵေတြကို လစ္လ်ဳရႈလိုက္ရင္လည္း အျပစ္ရွိတယ္လို႔ ခံစားရမွာပါပဲ။ ဒါေၾကာင့္ မီးဖြားၿပီးေနာက္ ပထမဆုံး အႀကိမ္ျပန္ၿပီး လိင္ဆက္ဆံတဲ့အခါ အျပစ္ရွိေနသလို ခံစားေနရမွာပါ။
၄။ ျပန္လည္ သန႔္ရွင္းေရး လုပ္ဖို႔ လိုအပ္ပါလိမ့္မယ္
မီးဖြားၿပီးေနာက္ ပထမဆုံး လိင္ဆက္ဆံမယ္ရင္ အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ မိခင္နို႔ခ်ိဳထြက္ရွိလာျခင္း ၊ လိင္အဂၤါ အတြင္းက တစ္သ်ႉးေတြ ထိခိုက္မႈေၾကာင့္ ေသြးထြက္လာျခင္း အပါအဝင္ ခႏၵာကိုယ္တြင္းက ထုတ္လုပ္တဲ့ အရည္အခ်ိဳ႕ေၾကာင့္ သင္ဟာ လိင္ဆက္ဆံၿပီးရင္ေတာ့ ျပန္လည္ သန႔္ရွင္းေရး လုပ္ကို လုပ္ရပါလိမ့္မယ္။
Credit :: Trend Myanmar
Saturday, June 17, 2017
ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
(Unicode Version)
ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီး တွယ်ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလဲ နာတာ ခံစားရနိုင်တယ်။ ရာသီလာလို့ နာတာနဲ့ ကိုယ်ဝန်ရှိလို့ နာတာ ခွဲခြားတတ်ရမယ်။ မျိုးဥထွက်ချိန်ဆိုတာ (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။
၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ ထင်ခြင်း။ ဆိုလိုတာက စိတ်က အသိပေးသလို၊ သိလာသလို ဖြစ်တာကို ပြောတာပါ။
၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း။
၄။ အတူနေချင်စိတ်် ပြောင်းလဲလာခြင်း။
၅။ ရင်သားနာခြင်း။
၆။ ရင်သား ပိုကြီးထွားလာခြင်း။
၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီး သိသာလာခြင်း။
၈။ ညှစ်ရင် နို့ရည်ကြည် နဲနဲ ထွက်နိုင်ခြင်း။
၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။
၁ဝ။ ချင်ခြင်းတပ်ခြင်း။
၁၁။ အားကုန်ခြင်း။
၁၂။ အသားအရေပြောင်းလဲလာခြင်း။
၁၃။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။
၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊ အရောင် ၂ ကြောင်း ပေါ်ခြင်း။
၁၅။ ဗိုက်ထဲက ကလေးလှုပ်တာကို သိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ်အထိလဲ ဖြစ်နိုင်တယ်။
၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)။
၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း။
၁၈။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။
၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ (အာလ်ထွာဆောင်း) နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊
၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။
သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ -
ခေါင်းကိုက်တာ၊ စိတ်မူပြောင်းခြင်း၊ စိတ်တိုခြင်း၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) ဝမ်းချုပ်တာ Progesterone ကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလဲ အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင် ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။
■■■ ကိုယ်ဝန်ရှိ-မရှိ စမ်းသပ်ခြင်း
Urine Pregnancy Test ဆီးစစ်နည်းကို သိပ်စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တစ်ပါတ်နေလို့ မလာသေးရင် စမ်းပါ။ ကိုယ်ဝန်ရှိမယ် ထင်ပေမဲ့ အနုတ်ပြနေရင် နောက်တစ်ပါတ် အကြာမှာ တစ်ခါထပ်စမ်းပါ။ မနက်ခင်းသွား ဆီးကို စစ်ပါ။ ရေလဲ မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ်ရတယ်။
ဆီးစစ်ရမဲ့ရက်ဆိုတာ မ-မျိုးဥထွက်ချိန် (လလည်ရက်) ရဲ့နောက် ၆-၁၂ ရက်မှာဖြစ်တယ်။ ဒီထက်စောပြီး ဘယ်နည်းနဲ့ စမ်းစမ်း မသိနိုင်ဘူး။ မ-မျိုးဥက ပုံမှန် ၁၄ ရက်မှာ ထွက်ပေမဲ့ နောက်ကျနေသူတွေဆိုရင် မတူနိုင်ဘူး။ ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ တိကျဘို့ရာ ဘယ်ရက်မှာ အတူနေခဲ့သလဲဆိုတာထက် ဘယ်ရက်မှာ မျိုးဥထွက်သလဲက အရေးပါတယ်။
#ကျန်းမာရေးဆောင်းပါးများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(Zawgyi Version)
ကိုယ္ဝန္ရွိျခင္း လကၡဏာ (၂ဝ)
၁။ ရာသီမလာေတာ့ပါ၊ ဒါေပမဲ့ ေပါင္းစပ္ၿပီးသား မ်ိဳးဥက သားအိမ္ အတြင္းဆုံးလႊာကို လာၿပီး တြယ္ကပ္ခ်ိန္မွာ ေသြးနဲနဲ စြန္းမယ္။ ဆီးစပ္ေနရာကလဲ နာတာ ခံစားရနိုင္တယ္။ ရာသီလာလို႔ နာတာနဲ႕ ကိုယ္ဝန္ရွိလို႔ နာတာ ခြဲျခားတတ္ရမယ္။ မ်ိဳးဥထြက္ခ်ိန္ဆိုတာ (လလည္ရက္) နဲ႕ ၆-၁ဝ ရက္မွာျဖစ္တယ္။
၂။ ကိုယ့္ကိုယ္ကို ကိုယ္ဝန္ရွိေနတယ္လို႔ ထင္ျခင္း။ ဆိုလိုတာက စိတ္က အသိေပးသလို၊ သိလာသလို ျဖစ္တာကို ေျပာတာပါ။
၃။ ပ်ိဳ႕-အန္ျခင္း၊ အစားမစားခ်င္ျဖစ္လာျခင္း။
၄။ အတူေနခ်င္စိတ္္ ေျပာင္းလဲလာျခင္း။
၅။ ရင္သားနာျခင္း။
၆။ ရင္သား ပိုႀကီးထြားလာျခင္း။
၇။ ရင္သား အေရာင္ရင့္အဝိုင္းမွာ အသီးငယ္ေလးေတြ ထြက္လာျခင္း၊ ရွိၿပီးသားေတြက ပိုၿပီး သိသာလာျခင္း။
၈။ ညွစ္ရင္ နို႔ရည္ၾကည္ နဲနဲ ထြက္နိုင္ျခင္း။
၉။ ဆီးခဏခဏသြားရျခင္း၊ ကိုယ္ဝန္ေဆာင္ အမ်ားစုက ၆-၈ ပါတ္မွာ ျဖစ္ၾကတယ္။ ဆီးလမ္းပိုးဝင္တာ၊ ဆီးခ်ိဳေရာဂါ နဲ႕ ဆီးသြားေစတဲ့ေဆးေတြေၾကာင့္လဲ အဲလို ဆီးခဏခဏသြားခ်င္တာနဲ႕ ခြဲျခားရမယ္။
၁ဝ။ ခ်င္ျခင္းတပ္ျခင္း။
၁၁။ အားကုန္ျခင္း။
၁၂။ အသားအေရေျပာင္းလဲလာျခင္း။
၁၃။ မတ္တပ္ရပ္လိုက္ရင္ ေခါင္းမူးမယ္၊ သတိလစ္ခ်င္သလိုျဖစ္မယ္။
၁၄။ ဆီး-ေသြးစစ္လွ်င္ အေပါင္းျပျခင္း၊ အေရာင္ ၂ ေၾကာင္း ေပၚျခင္း။
၁၅။ ဗိုက္ထဲက ကေလးလႈပ္တာကို သိေနျခင္း အမ်ားဆုံးက ၂ဝ ပါတ္ေက်ာ္မွသာ သိတယ္။၊ ၁၃-၂၅ ပါတ္အထိလဲ ျဖစ္နိုင္တယ္။
၁၆။ ဗိုက္ေၾကာ စသည္ျပတ္ျခင္း (ေနာက္ပိုင္းမွသာျဖစ္တယ္)။
၁၇။ ဓါတ္မွန္ရိုက္ရင္ ျမင္ရျခင္း။
၁၈။ (အာလ္ထြာေဆာင္း) ရိုက္လွ်င္ေတြ႕ရျခင္း၊ ကိုယ္ဝန္ ၄ ပါတ္ခြဲမွာ Gestational sac ျမင္ရၿပီ။ Yolk sac ကို ၅ ပါတ္၊ Embryo ကို ၅ ပါတ္ခြဲမွာျမင္ရၿပီ။
၁၉။ ကေလးႏွလုံးခုန္သံ နားေထာင္၍ရျခင္း၊ Doppler ကရိယာနဲ႕နားေထာင္ရင္ ၈-၁ဝ ပါတ္အထိ မၾကားနိုင္ေသးပါ။ ၁၂-၁၄ ပါတ္ေရာက္မွသာ ၾကားရတာမ်ားတယ္။ စၾကားရခ်ိန္မယ္ တမိနစ္ကို ၁၈ဝ အထိျမန္တယ္။ ေနာက္ပိုင္း ပုံမွန္ ၁၂ဝ-၁၆ဝ အထိရွိတယ္။ (အာလ္ထြာေဆာင္း) နဲ႕စမ္းရင္ ၆ ပါတ္မွာ ၉ဝ-၁၁ဝ၊ ၉ ပါတ္မွာ ၁၄ဝ-၁၇ဝ၊
၂ဝ။ သားအိမ္ႀကီးလာျခင္း၊ ကိုယ္ဝန္ ၁၂ ပါတ္ကစၿပီး ဆီးစပ္ေနရာကေန သားအိမ္အျမင့္ကို လက္နဲ႕စမ္းလို႔ရၿပီ။
သိပ္မသိသာတဲ့၊ လူတိုင္းျဖစ္ခ်င္မွျဖစ္မဲ့ အခ်က္ေတြကေတာ့ -
ေခါင္းကိုက္တာ၊ စိတ္မူေျပာင္းျခင္း၊ စိတ္တိုျခင္း၊ (ဒီအခ်က္ေတြဟာ ရာသီမလာခင္ျဖစ္ခ်င္တာေတြနဲ႕ အတူတူျဖစ္တယ္။) ဝမ္းခ်ဳပ္တာ Progesterone ေၾကာင့္ျဖစ္တယ္။ ဒီေဟာ္မုန္းက အစာကိုေအာက္ဆင္းတာ ေႏွးေစတယ္။ (ဗဂ်ိဳင္းနား) နံရံေတြက ပိုထူလာတယ္။ (ဗဂ်ိဳင္းနား) ပိုၿပီးစိုတာ၊ ျဖဴတဲ့ နို႔လိုဆင္းတယ္။ ကိုယ္ဝန္ရွိေနတဲ့ကာလ တေလွ်ာက္လုံးမွာလဲ အဲလိုရွိေနနိုင္တယ္။ ေဆးကုစရာ မလိုပါ။ ဒါေပမဲ့ အနံ႕ဆိုးလာရင္၊ ယားယံလာရင္၊ ဆင္းတာက အေရာင္ ေျပာင္းလာရင္ေတာ့ ေဆးစစ္ၿပီး ကူသမႈခံယူရမယ္။
■■■ ကိုယ္ဝန္ရွိ-မရွိ စမ္းသပ္ျခင္း
Urine Pregnancy Test ဆီးစစ္နည္းကို သိပ္ေစာေစာစမ္းရင္ ကိုယ္ဝန္ရွိေနေပမဲ့ အႏုတ္ျပနိုင္တယ္။ ရာသီလာရမဲ့ရက္ထက္ တစ္ပါတ္ေနလို႔ မလာေသးရင္ စမ္းပါ။ ကိုယ္ဝန္ရွိမယ္ ထင္ေပမဲ့ အႏုတ္ျပေနရင္ ေနာက္တစ္ပါတ္ အၾကာမွာ တစ္ခါထပ္စမ္းပါ။ မနက္ခင္းသြား ဆီးကို စစ္ပါ။ ေရလဲ မေသာက္ေသးဘဲ ၄ နာရီေလာက္ ဆီးေအာင့္ထားၿပီး သြားတဲ့ဆီးလဲ ရတယ္။ ကိုယ္ဝန္ ၄-၅ ပတ္ရွိေနသူဆိုရင္ ဘယ္အခ်ိန္သြားတဲ့ဆီးျဖစ္ျဖစ္ရတယ္။
ဆီးစစ္ရမဲ့ရက္ဆိုတာ မ-မ်ိဳးဥထြက္ခ်ိန္ (လလည္ရက္) ရဲ႕ေနာက္ ၆-၁၂ ရက္မွာျဖစ္တယ္။ ဒီထက္ေစာၿပီး ဘယ္နည္းနဲ႕ စမ္းစမ္း မသိနိုင္ဘူး။ မ-မ်ိဳးဥက ပုံမွန္ ၁၄ ရက္မွာ ထြက္ေပမဲ့ ေနာက္က်ေနသူေတြဆိုရင္ မတူနိုင္ဘူး။ ကိုယ္ဝန္ ရွိ-မရွိ စမ္းတယ္ဆိုတာ တိက်ဘိဳ႕ရာ ဘယ္ရက္မွာ အတူေနခဲ့သလဲဆိုတာထက္ ဘယ္ရက္မွာ မ်ိဳးဥထြက္သလဲက အေရးပါတယ္။
#က်န္းမာေရးေဆာင္းပါးမ်ား
Sunday, May 28, 2017
ဇနီးသည်တို့ကို ဖောက်ပြန်စေသော ခင်ပွန်းသည်တို့၏ အပြုအမူများ
(Unicode Version)
ဇနီးသည်တို့ကို ဖောက်ပြန်စေသော
ခင်ပွန်းသည်တို့၏ အပြုအမူများ
အောက်ဖော်ပြမယ့် အကြောင်းအရာတွေကတော့ ဇနီးသည်တွေကို ဖောက်ပြန်မယ့် လမ်းကြောင်းဆီ ဦးတည်စေတဲ့ ခင်ပွန်းသည်တွေရဲ့ အမူအကျင့်နဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။ အမျိုးသား စာဖတ် ပရိသတ်ကြီး သိရှိ ဆင်ခြင်နိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။ အမျိုးသမီးက ဖောက်ပြန်တာကို သိတဲ့အချိန် ကျမှ သတ်ပစ်လို့ ထောင်ထဲ ရောက်တာက လွဲပြီး မရှိပါဘူး။ အရင်ဆုံး ကိုယ့်မှာရှိတဲ့ ချို့ယွင်းချက်ကို ပြင်ရမှာ ဖြစ်ပါတယ်။
(၁) အတ္တကြီးခြင်း
လင်နဲ့မယားကြားမှာ ပုဂ္ဂလိက အတ္တတွေကို ရှေ့တန်းတင်လို့ မရပါဘူး။ ကိုယ်ကျတော့ သွားချင်တဲ့ နေရာသွား၊ စားချင်တဲ့ နေရာစား၊ အိပ်ချင်တဲ့ နေရာအိပ်ပြီး ဇနီးသည်ကိုတော့ ဘာမလုပ်နဲ့၊ ဘယ်မသွားနဲ့၊ ဘယ်သူနဲ့ မဆက်ဆံနဲ့ ဆိုပြီး ချုပ်ချယ်ရင် မှားတတ်ပါတယ်။ ဘယ်သတ္တဝါပဲဖြစ်ဖြစ် ချုပ်နှောင်ခံရရင် ရုန်းထွက်ချင်ကြတာ ဓမ္မတာပါဘဲ။
(၂) အာရုံစိုက်မှု မပေးခြင်း
ဇနီးသည်ကို အာရုံစိုက်မှု မပေးခြင်း ဆိုတာက လင်နဲ့မယားကြားက လိင်ကိစ္စ တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ အိမ်ထောင်ထိန်းသိမ်းမှု၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး တို့မှာ လင်ယောက်ျားကမှ အားမကိုးရရင် အားကိုးရာ ရှာတတ်ကြပါတယ်။
(၃) ခံစားချက်ကို နားမလည်ခြင်း
ဇနီးဖြစ်သူရဲ့ ခံစားချက်က ဘာလဲဆိုတာ မေးလေ့မေးထ မရှိခြင်းဟာလည်း ရေရှည် အတွက်တော့ မကောင်းပါဘူး။ အထူးသဖြင့် လင်နဲ့မယားကြားမှာ အဓိက လိုအပ်ချက် ဖြစ်တဲ့ ခြင်ထောင်ပိတ် ဆက်ဆံရေးအတွက် အမြဲ တံခါး ဖွင့်ထားရမှာ ဖြစ်ပြီး တစ်ဦးအလိုကို တစ်ဦးက ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
(၄) ထောက်ပံ့မှု မပေးခြင်း
ရသမျှ ပိုက်ဆံ အိမ်ထောင်ရေးမှာ စီးဝင်ခြင်းမရှိဘဲ ဘယ်နေရာမှာ ကုန်ခဲ့တယ်၊ ဘာလုပ်ခဲ့တယ် ဆိုတာကိုလည်း မယ်မယ်ရရ မပြောဘဲ အကြောင်းမဲ့ ထောက်ပံ့မှု မပေးဘူး ဆိုရင် မလိုအပ်ချိန်မှာ ကိစ္စမရှိပေမယ့် လိုအပ်လာရင် ငွေရေးကြေးရေးအရ ပတ်သက်လာရင်း ဇနီးသည်တွေ ဖောက်ပြန်တတ်ပါတယ်။
(၅) ရောဂါဘယ ထူပြောခြင်း
ရောဂါဘယ ထူပြောတဲ့ လင်ယောက်ျား ဆီကနေ ဘာတွေ ရနိုင်သလဲ အကြမ်းဖျင်း စဉ်းစားကြည့်ပါ။ ဘာမှ မရနိုင်ပါ။ စီးပွားရေး လုပ်ရအောင်ကလည်း မကျန်းမာလို့၊ လူမှုရေး ဆိုလည်း နေမကောင်းလို့၊ ဟိုကိစ္စဆိုလည်း မသန်မာလို့ ဆိုရင် ဘယ်လိုလုပ် အိမ်ထောင်ရေးက မြဲမလဲ။
(၆) စွမ်းဆောင်ရည်ကျဆင်းခြင်း
စွမ်းဆောင်ရည်ကျဆင်းခြင်းဆိုတာ အိမ်ထောင်သည် တော်တော်များများ သဘောပေါက်ပါလိမ့်မယ်။ မိမိစိတ်ကျေနပ်မှု တစ်ခုတည်း အတွက်သာ ဇနီးကို ဆက်ဆံတယ်ဆိုရင် အလိုရမ္မက်ကို မွေးပေးသလို ဖြစ်တတ်ပါတယ်။ အဲဒီကိစ္စမှာ ဇနီးဖြစ်သူ စိတ်ကျေနပ်မှု မရတဲ့အခါ ကြာရင် မလွယ်ဘူးပေါ့။ ဒီကိစ္စမျိုးဆိုတာ နှစ်ဦးနှစ်ဘက် မျှတနေမှ အိမ်ထောင်ရေးမှာ အချစ်တိုးပြီး သာယာတာကိုး။
(၇) အငယ်အနှောင်းထားခြင်း
နောက်ဆုံးအချက်ကတော့ အငယ်အနှောင်းထားခြင်း ဖြစ်ပါတယ်။ ဒါက အမှတ်စဉ် (5/6) ပြီးရင် ရာခိုင်နှုန်း အများဆုံး ဖြစ်ပါတယ်။ သတိပြု ဆင်ခြင်သင့်ပါတယ်။
နတ်စည်တော်
အိမ်ထောင်ရေးသာယာ အဆင်ပြေကြပါစေလို့ #ကျန်းမာရေးဆောင်းပါးများ ဝိုင်းတော်သားအားလုံး ဆုတောင်းပေးလိုက်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(Zawgyi Version)
ဇနီးသည္တို႔ကို ေဖာက္ျပန္ေစေသာ
ခင္ပြန္းသည္တို႔၏ အျပဳအမူမ်ား
ေအာက္ေဖာ္ျပမယ့္ အေၾကာင္းအရာေတြကေတာ့ ဇနီးသည္ေတြကို ေဖာက္ျပန္မယ့္ လမ္းေၾကာင္းဆီ ဦးတည္ေစတဲ့ ခင္ပြန္းသည္ေတြရဲ႕ အမူအက်င့္နဲ႕ အေျခအေနေတြပဲ ျဖစ္ပါတယ္။ အမ်ိဳးသား စာဖတ္ ပရိသတ္ႀကီး သိရွိ ဆင္ျခင္နိုင္ေစရန္ ေဖာ္ျပေပးလိုက္ပါတယ္။ အမ်ိဳးသမီးက ေဖာက္ျပန္တာကို သိတဲ့အခ်ိန္ က်မွ သတ္ပစ္လို႔ ေထာင္ထဲ ေရာက္တာက လြဲၿပီး မရွိပါဘူး။ အရင္ဆုံး ကိုယ့္မွာရွိတဲ့ ခ်ိဳ႕ယြင္းခ်က္ကို ျပင္ရမွာ ျဖစ္ပါတယ္။
(၁) အတၱႀကီးျခင္း
လင္နဲ႕မယားၾကားမွာ ပုဂၢလိက အတၱေတြကို ေရွ႕တန္းတင္လို႔ မရပါဘူး။ ကိုယ္က်ေတာ့ သြားခ်င္တဲ့ ေနရာသြား၊ စားခ်င္တဲ့ ေနရာစား၊ အိပ္ခ်င္တဲ့ ေနရာအိပ္ၿပီး ဇနီးသည္ကိုေတာ့ ဘာမလုပ္နဲ႕၊ ဘယ္မသြားနဲ႕၊ ဘယ္သူနဲ႕ မဆက္ဆံနဲ႕ ဆိုၿပီး ခ်ဳပ္ခ်ယ္ရင္ မွားတတ္ပါတယ္။ ဘယ္သတၱဝါပဲျဖစ္ျဖစ္ ခ်ဳပ္ေႏွာင္ခံရရင္ ႐ုန္းထြက္ခ်င္ၾကတာ ဓမၼတာပါဘဲ။
(၂) အာ႐ုံစိုက္မႈ မေပးျခင္း
ဇနီးသည္ကို အာ႐ုံစိုက္မႈ မေပးျခင္း ဆိုတာက လင္နဲ႕မယားၾကားက လိင္ကိစၥ တစ္ခုတည္းကို ဆိုလိုတာ မဟုတ္ပါဘူး။ အိမ္ေထာင္ထိန္းသိမ္းမႈ၊ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး တို႔မွာ လင္ေယာက္်ားကမွ အားမကိုးရရင္ အားကိုးရာ ရွာတတ္ၾကပါတယ္။
(၃) ခံစားခ်က္ကို နားမလည္ျခင္း
ဇနီးျဖစ္သူရဲ႕ ခံစားခ်က္က ဘာလဲဆိုတာ ေမးေလ့ေမးထ မရွိျခင္းဟာလည္း ေရရွည္ အတြက္ေတာ့ မေကာင္းပါဘူး။ အထူးသျဖင့္ လင္နဲ႕မယားၾကားမွာ အဓိက လိုအပ္ခ်က္ ျဖစ္တဲ့ ျခင္ေထာင္ပိတ္ ဆက္ဆံေရးအတြက္ အၿမဲ တံခါး ဖြင့္ထားရမွာ ျဖစ္ၿပီး တစ္ဦးအလိုကို တစ္ဦးက ေဆာင္႐ြက္ေပးရမွာ ျဖစ္ပါတယ္။
(၄) ေထာက္ပံ့မႈ မေပးျခင္း
ရသမွ် ပိုက္ဆံ အိမ္ေထာင္ေရးမွာ စီးဝင္ျခင္းမရွိဘဲ ဘယ္ေနရာမွာ ကုန္ခဲ့တယ္၊ ဘာလုပ္ခဲ့တယ္ ဆိုတာကိုလည္း မယ္မယ္ရရ မေျပာဘဲ အေၾကာင္းမဲ့ ေထာက္ပံ့မႈ မေပးဘူး ဆိုရင္ မလိုအပ္ခ်ိန္မွာ ကိစၥမရွိေပမယ့္ လိုအပ္လာရင္ ေငြေရးေၾကးေရးအရ ပတ္သက္လာရင္း ဇနီးသည္ေတြ ေဖာက္ျပန္တတ္ပါတယ္။
(၅) ေရာဂါဘယ ထူေျပာျခင္း
ေရာဂါဘယ ထူေျပာတဲ့ လင္ေယာက္်ား ဆီကေန ဘာေတြ ရနိုင္သလဲ အၾကမ္းဖ်င္း စဥ္းစားၾကည့္ပါ။ ဘာမွ မရနိုင္ပါ။ စီးပြားေရး လုပ္ရေအာင္ကလည္း မက်န္းမာလို႔၊ လူမႈေရး ဆိုလည္း ေနမေကာင္းလို႔၊ ဟိုကိစၥဆိုလည္း မသန္မာလို႔ ဆိုရင္ ဘယ္လိုလုပ္ အိမ္ေထာင္ေရးက ၿမဲမလဲ။
(၆) စြမ္းေဆာင္ရည္က်ဆင္းျခင္း
စြမ္းေဆာင္ရည္က်ဆင္းျခင္းဆိုတာ အိမ္ေထာင္သည္ ေတာ္ေတာ္မ်ားမ်ား သေဘာေပါက္ပါလိမ့္မယ္။ မိမိစိတ္ေက်နပ္မႈ တစ္ခုတည္း အတြက္သာ ဇနီးကို ဆက္ဆံတယ္ဆိုရင္ အလိုရမၼက္ကို ေမြးေပးသလို ျဖစ္တတ္ပါတယ္။ အဲဒီကိစၥမွာ ဇနီးျဖစ္သူ စိတ္ေက်နပ္မႈ မရတဲ့အခါ ၾကာရင္ မလြယ္ဘူးေပါ့။ ဒီကိစၥမ်ိဳးဆိုတာ ႏွစ္ဦးႏွစ္ဘက္ မွ်တေနမွ အိမ္ေထာင္ေရးမွာ အခ်စ္တိုးၿပီး သာယာတာကိုး။
(၇) အငယ္အေႏွာင္းထားျခင္း
ေနာက္ဆုံးအခ်က္ကေတာ့ အငယ္အေႏွာင္းထားျခင္း ျဖစ္ပါတယ္။ ဒါက အမွတ္စဥ္ (5/6) ၿပီးရင္ ရာခိုင္ႏႈန္း အမ်ားဆုံး ျဖစ္ပါတယ္။ သတိျပဳ ဆင္ျခင္သင့္ပါတယ္။
နတ္စည္ေတာ္
အိမ္ေထာင္ေရးသာယာ အဆင္ေျပၾကပါေစလို႔ #က်န္းမာေရးေဆာင္းပါးမ်ား ဝိုင္းေတာ္သားအားလုံး ဆုေတာင္းေပးလိုက္ပါတယ္။
Wednesday, April 19, 2017
ရေ ကို တစ်နေ့ ၃ လီတာ သောက်တဲ့အတွက် သိသိသာသာ ပြောင်းလဲသွားတဲ့ အမျိုးသမီး
(Unicode Version)
သူမဟာ အသက် ၄၂ နှစ် ဖြစ်တယ်လို့ ဆိုပါတယ်။ ရေမသောက်ခင် ကာလကဆို အသက် ၅၂ လောက် ရှိပြီလို့ အထင်ခံ ရကြောင်းနှင့် အသားအရေ များကလည်း ကြည်လင် ဝင်းပမူမရှိ မျက်ကွင်းများ ညိုခြင်း စတာတွေ ဖြစ်နေတယ် ဟု အမျိုးသမီးက ဆိုပါတယ်။
သူမ ရေကို ၃ လီတာ စသောက်ပြီး ၂၈ ရက် အတွင်းမှာပဲ မျက်နှာနှင့် ခန္ဓာကိုယ်ဟာ သိသာလာတယ် ဟု သူမက ပြောပါတယ်။ ဒီအတိုင်းပဲ ရေကို တစ်နေ့ ၃ လီတာ သောက်ပြီး လေးပတ် မြောက်တဲ့ အခါမှာတော့ မျက်နှာဟာ ပုံတွင် မြင်ရတဲ့ အတိုင်း ပြောင်းလဲသွားပါတော့တယ်။
သူမက ပြောပါတယ်။ စပြီး ရေသောက်တော့မယ် ဆိုရင် အများကြီး မသောက်နိုင်တဲ့အခါ ကော်ဖီခွက်နဲ့ နည်းနည်းခြင်း သောက်ပါ။ ထို့နောက် ဖန်ခွက်နဲ့ ပြောင်းသောက်ပါ။ ဒီလိုနဲ့ တဖြည်းဖြည်း ကျင့်ယူနိုင်ပါတယ်ဟု ဆိုပါတယ်။
♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤
(Zawgyi Version)
သူမဟာ အသက္ ၄၂ ႏွစ္ ျဖစ္တယ္လို႔ ဆိုပါတယ္။ ေရမေသာက္ခင္ ကာလကဆို အသက္ ၅၂ ေလာက္ ရွိၿပီလို႔ အထင္ခံ ရေၾကာင္းႏွင့္ အသားအေရ မ်ားကလည္း ၾကည္လင္ ဝင္းပမူမရွိ မ်က္ကြင္းမ်ား ညိဳျခင္း စတာေတြ ျဖစ္ေနတယ္ ဟု အမ်ိဳးသမီးက ဆိုပါတယ္။
သူမ ေရကို ၃ လီတာ စေသာက္ၿပီး ၂၈ ရက္ အတြင္းမွာပဲ မ်က္ႏွာႏွင့္ ခႏၶာကိုယ္ဟာ သိသာလာတယ္ ဟု သူမက ေျပာပါတယ္။ ဒီအတိုင္းပဲ ေရကို တစ္ေန႔ ၃ လီတာ ေသာက္ၿပီး ေလးပတ္ ေျမာက္တဲ့ အခါမွာေတာ့ မ်က္ႏွာဟာ ပုံတြင္ ျမင္ရတဲ့ အတိုင္း ေျပာင္းလဲသြားပါေတာ့တယ္။
သူမက ေျပာပါတယ္။ စၿပီး ေရေသာက္ေတာ့မယ္ ဆိုရင္ အမ်ားႀကီး မေသာက္ႏိုင္တဲ့အခါ ေကာ္ဖီခြက္နဲ႕ နည္းနည္းျခင္း ေသာက္ပါ။ ထို႔ေနာက္ ဖန္ခြက္နဲ႔ ေျပာင္းေသာက္ပါ။ ဒီလိုနဲ႔ တျဖည္းျဖည္း က်င့္ယူႏိုင္ပါတယ္ဟု ဆိုပါတယ္။
Source: Health Digest
Thursday, April 13, 2017
အပြာရုပ်ရှင် အကြည့်များတဲ့သူများ ပန်းသေပန်းညှိုးခြင်း ပိုဖြစ်နိုင်ကြောင်း လိင်ကျန်းမာရေး ပညာရှင်များဆို
(Unicode Version)
တစ်ချို့သော သူတွေက ကိုယ်တိုင် အားထုတ်ရတာထက် သူများအားထုတ်တာကို ကြည့်နေရတာကို ပိုပြီး နှစ်သက် ကြပါတယ်။ မြန်မာနိုင်ငံမှာ ကိုယ့်ထမင်းထုပ်နဲ့ ကိုယ် အတွဲလိုက် ချောင်းတဲ့သူတွေ တောင် ရှိနေတယ်လို့ အတွေ့အကြုံရင့် ဦးလေးကြီး တစ်ယောက်က ပြောတာကို ကြားခဲ့ဖူးပါသေးတယ်။ (ချောင်းရိုက်တွေ ထွက်လာတာ သူတို့ အားထုတ်မှုကြောင့်ပါ 😂)
ဒီလိုပဲ Porn ဇာတ်ကားတွေကို တစ်ချို့က တကယ့် အလုပ်တစ်ခုလို စွဲစွဲလန်းလန်း ကြည့်လေ့ရှိပြီး၊ ဝါသနာ တစ်ခုလို လိုက်စားတဲ့သူတွေတောင် ရှိသေးတယ်လို့ သိရပါတယ်။ ထူးဆန်းတာက အမျိုးသမီးထုကြားထဲမှာလည်း Porn ဇာတ်ကား ကြည့်ရှုသူအရေအတွက်ဟာ ဖုန်းတွေမှာ Android စနစ် အောင်မြင်ပြီး နောက်ပိုင်း ယောက်ျားတွေနဲ့ Rate ယှဉ်နိုင်လာတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။
စာရေးသူရဲ့ အပေါင်းအဖော်(ပွင့်လင်းတဲ့)တချို့ကို မေးကြည့်တာ နင်တို့ကော ဆင်းရဲသားကားတွေ ကြည့်လား ဆိုတော့ ကြည့်တာပေါ့လို့ ပြောတယ်။ နို့ နေပါဦး ဖုန်းတွေထဲမှာ ဘာလို့ မထားတာလဲဆိုတော့ ထားစရာလား၊ ငါတို့က မိန်းကလေးတွေလေ၊ ကြည့်ပြီးတာနဲ့ ပြန်ဖျက်ပစ်တာတဲ့။ ကဲ အေးရော။ ဒါကတော့ သူတို့ကော အပြာကား ကြည့်လား မကြည့်လား သိချင်တဲ့ ယောကျ်ားတွေအတွက် ပြောပေးတာပါ။
ဆောင်းပါးလေး ပြန်ဆက်ရအောင်။ အခုဆောင်းပါးထဲမှာတော့ Porn ဇာတ်ကား နှစ်နှစ်ခြိုက်ခြိုက်ကြည့်တဲ့ အမျိုးသားတွေကို အထူးသတိပေးချင်လို့ ရေးတာပါ။
Porn ဇာတ်ကားကို စွဲစွဲမြဲမြဲ ကြည့်တဲ့ အမျိုးသားတွေအနက် ဆယ်ယောက်လျှင် တစ်ယောက်နှုန်း အရွယ်မတိုင်ခင် ပန်းသေပန်းညိုးရောဂါကို ခံစားရပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားတွေ အထူးအားပေး ကြည့်တဲ့သူတွေဟာ ချစ်သူ/ဇနီးသည်အပေါ်မှာ ကျေနပ်တင်းတိမ်မှု တဖြည်းဖြည်း ကုန်ခမ်းလာပြီး၊ နောက်ဆုံး ချစ်တင်းနှောလိုစိတ် ကုန်ခမ်းတဲ့ရောဂါကို ခံစားရဖို့ သေချာသလောက်လို့ သတိပေးထားပါတယ်။ အရွယ်ငယ်ငယ်နဲ့ ဒီဇာတ်ကားတွေ အားပြုကြည့်လေ ပန်းသေပန်းညိုး ခံစားရဖို့ % ပိုများလေလို့ သိရပါတယ်။ တကယ်လည်း အပြင်မှာ အဲ့လိုလူမျိုးတွေ ရှိပါတယ် မယုံမရှိပါနဲ့။
ဒေါက်တာ Andrew Smiler က “ကျွန်တော်သိတဲ့ ကောင်လေးတွေဆိုရင် အသက်က 13-14 လောက်ပဲ ရှိပါသေးတယ်။ သူတို့ဟာ အချိန်တော်တော်များများ ဒီဇာတ်ကားတွေ ကြည့်ပြီးတဲ့နောက် ဒီအသက်အရွယ်လေးမှာတင် လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံနေတာကို ကုသပေးခဲ့ရဖူးပါတယ်”လို့ ပြောခဲ့ပါတယ်။
Nottingham University Hospital မှ ဒေါက်တာ Angela Gregory က “ကောင်လေးတွေဟာ အရွယ်ကြီးလာတာနဲ့ အမျှ လိင်နဲ့ပတ်သက်ရင် ရုပ်ပို်င်းရော စိတ်ပိုင်းဆိုင်ရာပါ တော်ရုံ အတွေ့အထိလောက်ကို တုန့်ပြန်နို်င်စွမ်း အတော်နည်းသွားတာကို တွေ့ရပါတယ်၊ ဒါက ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သုတေသန လုပ်ဆောင်နေတဲ့ ဒေါက်တာ Pam Spurr ကလည်း “ဒီဇာတ်ကားတွေ ကြည့်တဲ့ အရေအတွက်ဟာ အမျိုးသား ငယ်ငယ်လေးတွေကြားမှာ ပမာဏအားဖြင့် အလွန်များပြားလာခဲ့ပါတယ်၊ သူတို့ ပါတနာတွေနဲ့ တွေ့တဲ့အခါမှာ ငယ်ရွယ်သောလူငယ်များ ဖြစ်သည့်တိုင်အောင် ထောင်မတ်တဲ့ တုန့်ပြန်မှုဟာ နည်းပါး လာခဲ့ကြပါတယ်၊ သူတို့ဟာ ဇာတ်ကားထဲက အထူးအဆန်း ပြကွက်တွေကိုသာ အဟုတ်ထင်ပြီး စိတ်ထဲစွဲကာ နောက်ဆုံး ပါတနာအပေါ်မှာ သာယာစိတ် ကင်းမဲ့သွားတာမျိုး ဖြစ်လာကြပါတယ်” လို့ ပြောခဲ့ပါတယ်။
ပြောချင်တာကတော့ အပြာရုပ်ရှင်များကို အလွန်အကျွံ(အလုပ်တစ်ခုသဖွယ်)မကြည့်ဖို့၊ တော်ရုံ စိတ်အပန်းဖြေရာ ရောက်ရုံသာ ကြည့်ရှုဖို့၊ အပြာရုပ်ရှင်တွေ ကြည့်ပြီး အားကျပြီး လိုက်မလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
အမျိုးသားဆိုင်ရာ လိင်ကျန်းမာရေး ပြဿနာများကို Chat Box ကနေ ဖြေပေးနေပါတယ်။ မေးတဲ့သူတွေ များလို့ စာပြန်တာ နောက်ကျမှု ရှိနိုင်ပါတယ်။
အားလုံးကို ကျေးဇူးတင်လျက်
#ကျန်းမာရေးဆောင်းပါးများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(Zawgyi Version)
တစ္ခ်ိဳ႕ေသာ သူေတြက ကိုယ္တိုင္ အားထုတ္ရတာထက္ သူမ်ားအားထုတ္တာကို ၾကည့္ေနရတာကို ပိုၿပီး ႏွစ္သက္ ၾကပါတယ္။ ျမန္မာနိုင္ငံမွာ ကိုယ့္ထမင္းထုပ္နဲ႕ ကိုယ္ အတြဲလိုက္ ေခ်ာင္းတဲ့သူေတြ ေတာင္ ရွိေနတယ္လို႔ အေတြ႕အႀကဳံရင့္ ဦးေလးႀကီး တစ္ေယာက္က ေျပာတာကို ၾကားခဲ့ဖူးပါေသးတယ္။ (ေခ်ာင္းရိုက္ေတြ ထြက္လာတာ သူတို႔ အားထုတ္မႈေၾကာင့္ပါ 😂)
ဒီလိုပဲ Porn ဇာတ္ကားေတြကို တစ္ခ်ိဳ႕က တကယ့္ အလုပ္တစ္ခုလို စြဲစြဲလန္းလန္း ၾကည့္ေလ့ရွိၿပီး၊ ဝါသနာ တစ္ခုလို လိုက္စားတဲ့သူေတြေတာင္ ရွိေသးတယ္လို႔ သိရပါတယ္။ ထူးဆန္းတာက အမ်ိဳးသမီးထုၾကားထဲမွာလည္း Porn ဇာတ္ကား ၾကည့္ရႈသူအေရအတြက္ဟာ ဖုန္းေတြမွာ Android စနစ္ ေအာင္ျမင္ၿပီး ေနာက္ပိုင္း ေယာက္်ားေတြနဲ႕ Rate ယွဥ္နိုင္လာတယ္လို႔ စစ္တမ္းေတြက ဆိုပါတယ္။
စာေရးသူရဲ႕ အေပါင္းအေဖာ္(ပြင့္လင္းတဲ့)တခ်ိဳ႕ကို ေမးၾကည့္တာ နင္တို႔ေကာ ဆင္းရဲသားကားေတြ ၾကည့္လား ဆိုေတာ့ ၾကည့္တာေပါ့လို႔ ေျပာတယ္။ နို႔ ေနပါဦး ဖုန္းေတြထဲမွာ ဘာလို႔ မထားတာလဲဆိုေတာ့ ထားစရာလား၊ ငါတို႔က မိန္းကေလးေတြေလ၊ ၾကည့္ၿပီးတာနဲ႕ ျပန္ဖ်က္ပစ္တာတဲ့။ ကဲ ေအးေရာ။ ဒါကေတာ့ သူတို႔ေကာ အျပာကား ၾကည့္လား မၾကည့္လား သိခ်င္တဲ့ ေယာက်္ားေတြအတြက္ ေျပာေပးတာပါ။
ေဆာင္းပါးေလး ျပန္ဆက္ရေအာင္။ အခုေဆာင္းပါးထဲမွာေတာ့ Porn ဇာတ္ကား ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၾကည့္တဲ့ အမ်ိဳးသားေတြကို အထူးသတိေပးခ်င္လို႔ ေရးတာပါ။
Porn ဇာတ္ကားကို စြဲစြဲၿမဲၿမဲ ၾကည့္တဲ့ အမ်ိဳးသားေတြအနက္ ဆယ္ေယာက္လွ်င္ တစ္ေယာက္ႏႈန္း အ႐ြယ္မတိုင္ခင္ ပန္းေသပန္းညိုးေရာဂါကို ခံစားရပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားေတြ အထူးအားေပး ၾကည့္တဲ့သူေတြဟာ ခ်စ္သူ/ဇနီးသည္အေပၚမွာ ေက်နပ္တင္းတိမ္မႈ တျဖည္းျဖည္း ကုန္ခမ္းလာၿပီး၊ ေနာက္ဆုံး ခ်စ္တင္းေႏွာလိုစိတ္ ကုန္ခမ္းတဲ့ေရာဂါကို ခံစားရဖို႔ ေသခ်ာသေလာက္လို႔ သတိေပးထားပါတယ္။ အ႐ြယ္ငယ္ငယ္နဲ႕ ဒီဇာတ္ကားေတြ အားျပဳၾကည့္ေလ ပန္းေသပန္းညိုး ခံစားရဖို႔ % ပိုမ်ားေလလို႔ သိရပါတယ္။ တကယ္လည္း အျပင္မွာ အဲ့လိုလူမ်ိဳးေတြ ရွိပါတယ္ မယုံမရွိပါနဲ႕။
ေဒါက္တာ Andrew Smiler က “ကြၽန္ေတာ္သိတဲ့ ေကာင္ေလးေတြဆိုရင္ အသက္က 13-14 ေလာက္ပဲ ရွိပါေသးတယ္။ သူတို႔ဟာ အခ်ိန္ေတာ္ေတာ္မ်ားမ်ား ဒီဇာတ္ကားေတြ ၾကည့္ၿပီးတဲ့ေနာက္ ဒီအသက္အ႐ြယ္ေလးမွာတင္ လိင္ပိုင္းဆိုင္ရာ ျပႆနာေတြ ႀကဳံေနတာကို ကုသေပးခဲ့ရဖူးပါတယ္”လို႔ ေျပာခဲ့ပါတယ္။
Nottingham University Hospital မွ ေဒါက္တာ Angela Gregory က “ေကာင္ေလးေတြဟာ အ႐ြယ္ႀကီးလာတာနဲ႕ အမွ် လိင္နဲ႕ပတ္သက္ရင္ ႐ုပ္ပို္င္းေရာ စိတ္ပိုင္းဆိုင္ရာပါ ေတာ္႐ုံ အေတြ႕အထိေလာက္ကို တုန႔္ျပန္နို္င္စြမ္း အေတာ္နည္းသြားတာကို ေတြ႕ရပါတယ္၊ ဒါက ေကာင္းတဲ့လကၡဏာမဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒီကိစၥနဲ႕ပတ္သက္ၿပီး သုေတသန လုပ္ေဆာင္ေနတဲ့ ေဒါက္တာ Pam Spurr ကလည္း “ဒီဇာတ္ကားေတြ ၾကည့္တဲ့ အေရအတြက္ဟာ အမ်ိဳးသား ငယ္ငယ္ေလးေတြၾကားမွာ ပမာဏအားျဖင့္ အလြန္မ်ားျပားလာခဲ့ပါတယ္၊ သူတို႔ ပါတနာေတြနဲ႕ ေတြ႕တဲ့အခါမွာ ငယ္႐ြယ္ေသာလူငယ္မ်ား ျဖစ္သည့္တိုင္ေအာင္ ေထာင္မတ္တဲ့ တုန႔္ျပန္မႈဟာ နည္းပါး လာခဲ့ၾကပါတယ္၊ သူတို႔ဟာ ဇာတ္ကားထဲက အထူးအဆန္း ျပကြက္ေတြကိုသာ အဟုတ္ထင္ၿပီး စိတ္ထဲစြဲကာ ေနာက္ဆုံး ပါတနာအေပၚမွာ သာယာစိတ္ ကင္းမဲ့သြားတာမ်ိဳး ျဖစ္လာၾကပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေျပာခ်င္တာကေတာ့ အျပာ႐ုပ္ရွင္မ်ားကို အလြန္အကြၽံ(အလုပ္တစ္ခုသဖြယ္)မၾကည့္ဖို႔၊ ေတာ္႐ုံ စိတ္အပန္းေျဖရာ ေရာက္႐ုံသာ ၾကည့္ရႈဖို႔၊ အျပာ႐ုပ္ရွင္ေတြ ၾကည့္ၿပီး အားက်ၿပီး လိုက္မလုပ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။
အမ်ိဳးသားဆိုင္ရာ လိင္က်န္းမာေရး ျပႆနာမ်ားကို Chat Box ကေန ေျဖေပးေနပါတယ္။ ေမးတဲ့သူေတြ မ်ားလို႔ စာျပန္တာ ေနာက္က်မႈ ရွိနိုင္ပါတယ္။
အားလုံးကို ေက်းဇူးတင္လ်က္
#က်န္းမာေရးေဆာင္းပါးမ်ား
Subscribe to:
Posts (Atom)