Sunday, May 28, 2017

ဇနီးသည်တို့ကို ဖောက်ပြန်စေသော ခင်ပွန်းသည်တို့၏ အပြုအမူများ


(Unicode Version)

ဇနီးသည်တို့ကို ဖောက်ပြန်စေသော
ခင်ပွန်းသည်တို့၏ အပြုအမူများ

အောက်ဖော်ပြမယ့် အကြောင်းအရာတွေကတော့ ဇနီးသည်တွေကို ဖောက်ပြန်မယ့် လမ်းကြောင်းဆီ ဦးတည်စေတဲ့ ခင်ပွန်းသည်တွေရဲ့ အမူအကျင့်နဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။ အမျိုးသား စာဖတ် ပရိသတ်ကြီး သိရှိ ဆင်ခြင်နိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။ အမျိုးသမီးက ဖောက်ပြန်တာကို သိတဲ့အချိန် ကျမှ သတ်ပစ်လို့ ထောင်ထဲ ရောက်တာက လွဲပြီး မရှိပါဘူး။ အရင်ဆုံး ကိုယ့်မှာရှိတဲ့ ချို့ယွင်းချက်ကို ပြင်ရမှာ ဖြစ်ပါတယ်။

(၁) အတ္တကြီးခြင်း

လင်နဲ့မယားကြားမှာ ပုဂ္ဂလိက အတ္တတွေကို ရှေ့တန်းတင်လို့ မရပါဘူး။ ကိုယ်ကျတော့ သွားချင်တဲ့ နေရာသွား၊ စားချင်တဲ့ နေရာစား၊ အိပ်ချင်တဲ့ နေရာအိပ်ပြီး ဇနီးသည်ကိုတော့ ဘာမလုပ်နဲ့၊ ဘယ်မသွားနဲ့၊ ဘယ်သူနဲ့ မဆက်ဆံနဲ့ ဆိုပြီး ချုပ်ချယ်ရင် မှားတတ်ပါတယ်။ ဘယ်သတ္တဝါပဲဖြစ်ဖြစ် ချုပ်နှောင်ခံရရင် ရုန်းထွက်ချင်ကြတာ ဓမ္မတာပါဘဲ။

(၂) အာရုံစိုက်မှု မပေးခြင်း

ဇနီးသည်ကို အာရုံစိုက်မှု မပေးခြင်း ဆိုတာက လင်နဲ့မယားကြားက လိင်ကိစ္စ တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ အိမ်ထောင်ထိန်းသိမ်းမှု၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး တို့မှာ လင်ယောက်ျားကမှ အားမကိုးရရင် အားကိုးရာ ရှာတတ်ကြပါတယ်။

(၃) ခံစားချက်ကို နားမလည်ခြင်း

ဇနီးဖြစ်သူရဲ့ ခံစားချက်က ဘာလဲဆိုတာ မေးလေ့မေးထ မရှိခြင်းဟာလည်း ရေရှည် အတွက်တော့ မကောင်းပါဘူး။ အထူးသဖြင့် လင်နဲ့မယားကြားမှာ အဓိက လိုအပ်ချက် ဖြစ်တဲ့ ခြင်ထောင်ပိတ် ဆက်ဆံရေးအတွက် အမြဲ တံခါး ဖွင့်ထားရမှာ ဖြစ်ပြီး တစ်ဦးအလိုကို တစ်ဦးက ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

(၄) ထောက်ပံ့မှု မပေးခြင်း

ရသမျှ ပိုက်ဆံ အိမ်ထောင်ရေးမှာ စီးဝင်ခြင်းမရှိဘဲ ဘယ်နေရာမှာ ကုန်ခဲ့တယ်၊ ဘာလုပ်ခဲ့တယ်  ဆိုတာကိုလည်း မယ်မယ်ရရ မပြောဘဲ အကြောင်းမဲ့ ထောက်ပံ့မှု မပေးဘူး ဆိုရင် မလိုအပ်ချိန်မှာ ကိစ္စမရှိပေမယ့် လိုအပ်လာရင် ငွေရေးကြေးရေးအရ ပတ်သက်လာရင်း ဇနီးသည်တွေ ဖောက်ပြန်တတ်ပါတယ်။

(၅) ရောဂါဘယ ထူပြောခြင်း

ရောဂါဘယ ထူပြောတဲ့ လင်ယောက်ျား ဆီကနေ ဘာတွေ ရနိုင်သလဲ အကြမ်းဖျင်း စဉ်းစားကြည့်ပါ။ ဘာမှ မရနိုင်ပါ။ စီးပွားရေး လုပ်ရအောင်ကလည်း မကျန်းမာလို့၊ လူမှုရေး ဆိုလည်း နေမကောင်းလို့၊ ဟိုကိစ္စဆိုလည်း မသန်မာလို့ ဆိုရင် ဘယ်လိုလုပ် အိမ်ထောင်ရေးက မြဲမလဲ။

(၆) စွမ်းဆောင်ရည်ကျဆင်းခြင်း

စွမ်းဆောင်ရည်ကျဆင်းခြင်းဆိုတာ အိမ်ထောင်သည် တော်တော်များများ သဘောပေါက်ပါလိမ့်မယ်။ မိမိစိတ်ကျေနပ်မှု တစ်ခုတည်း အတွက်သာ ဇနီးကို ဆက်ဆံတယ်ဆိုရင် အလိုရမ္မက်ကို မွေးပေးသလို ဖြစ်တတ်ပါတယ်။ အဲဒီကိစ္စမှာ ဇနီးဖြစ်သူ စိတ်ကျေနပ်မှု မရတဲ့အခါ ကြာရင် မလွယ်ဘူးပေါ့။ ဒီကိစ္စမျိုးဆိုတာ နှစ်ဦးနှစ်ဘက် မျှတနေမှ အိမ်ထောင်ရေးမှာ အချစ်တိုးပြီး သာယာတာကိုး။

(၇) အငယ်အနှောင်းထားခြင်း

နောက်ဆုံးအချက်ကတော့ အငယ်အနှောင်းထားခြင်း ဖြစ်ပါတယ်။ ဒါက အမှတ်စဉ် (5/6) ပြီးရင် ရာခိုင်နှုန်း အများဆုံး ဖြစ်ပါတယ်။ သတိပြု ဆင်ခြင်သင့်ပါတယ်။

နတ်စည်တော်

အိမ်ထောင်ရေးသာယာ အဆင်ပြေကြပါစေလို့ #ကျန်းမာရေးဆောင်းပါးများ ဝိုင်းတော်သားအားလုံး ဆုတောင်းပေးလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(Zawgyi Version)

ဇနီးသည္တို႔ကို ေဖာက္ျပန္ေစေသာ
ခင္ပြန္းသည္တို႔၏ အျပဳအမူမ်ား

ေအာက္ေဖာ္ျပမယ့္ အေၾကာင္းအရာေတြကေတာ့ ဇနီးသည္ေတြကို ေဖာက္ျပန္မယ့္ လမ္းေၾကာင္းဆီ ဦးတည္ေစတဲ့ ခင္ပြန္းသည္ေတြရဲ႕ အမူအက်င့္နဲ႕ အေျခအေနေတြပဲ ျဖစ္ပါတယ္။ အမ်ိဳးသား စာဖတ္ ပရိသတ္ႀကီး သိရွိ ဆင္ျခင္နိုင္ေစရန္ ေဖာ္ျပေပးလိုက္ပါတယ္။ အမ်ိဳးသမီးက ေဖာက္ျပန္တာကို သိတဲ့အခ်ိန္ က်မွ သတ္ပစ္လို႔ ေထာင္ထဲ ေရာက္တာက လြဲၿပီး မရွိပါဘူး။ အရင္ဆုံး ကိုယ့္မွာရွိတဲ့ ခ်ိဳ႕ယြင္းခ်က္ကို ျပင္ရမွာ ျဖစ္ပါတယ္။

(၁) အတၱႀကီးျခင္း

လင္နဲ႕မယားၾကားမွာ ပုဂၢလိက အတၱေတြကို ေရွ႕တန္းတင္လို႔ မရပါဘူး။ ကိုယ္က်ေတာ့ သြားခ်င္တဲ့ ေနရာသြား၊ စားခ်င္တဲ့ ေနရာစား၊ အိပ္ခ်င္တဲ့ ေနရာအိပ္ၿပီး ဇနီးသည္ကိုေတာ့ ဘာမလုပ္နဲ႕၊ ဘယ္မသြားနဲ႕၊ ဘယ္သူနဲ႕ မဆက္ဆံနဲ႕ ဆိုၿပီး ခ်ဳပ္ခ်ယ္ရင္ မွားတတ္ပါတယ္။ ဘယ္သတၱဝါပဲျဖစ္ျဖစ္ ခ်ဳပ္ေႏွာင္ခံရရင္ ႐ုန္းထြက္ခ်င္ၾကတာ ဓမၼတာပါဘဲ။

(၂) အာ႐ုံစိုက္မႈ မေပးျခင္း

ဇနီးသည္ကို အာ႐ုံစိုက္မႈ မေပးျခင္း ဆိုတာက လင္နဲ႕မယားၾကားက လိင္ကိစၥ တစ္ခုတည္းကို ဆိုလိုတာ မဟုတ္ပါဘူး။ အိမ္ေထာင္ထိန္းသိမ္းမႈ၊ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး တို႔မွာ လင္ေယာက္်ားကမွ အားမကိုးရရင္ အားကိုးရာ ရွာတတ္ၾကပါတယ္။

(၃) ခံစားခ်က္ကို နားမလည္ျခင္း

ဇနီးျဖစ္သူရဲ႕ ခံစားခ်က္က ဘာလဲဆိုတာ ေမးေလ့ေမးထ မရွိျခင္းဟာလည္း ေရရွည္ အတြက္ေတာ့ မေကာင္းပါဘူး။ အထူးသျဖင့္ လင္နဲ႕မယားၾကားမွာ အဓိက လိုအပ္ခ်က္ ျဖစ္တဲ့ ျခင္ေထာင္ပိတ္ ဆက္ဆံေရးအတြက္ အၿမဲ တံခါး ဖြင့္ထားရမွာ ျဖစ္ၿပီး တစ္ဦးအလိုကို တစ္ဦးက ေဆာင္႐ြက္ေပးရမွာ ျဖစ္ပါတယ္။

(၄) ေထာက္ပံ့မႈ မေပးျခင္း

ရသမွ် ပိုက္ဆံ အိမ္ေထာင္ေရးမွာ စီးဝင္ျခင္းမရွိဘဲ ဘယ္ေနရာမွာ ကုန္ခဲ့တယ္၊ ဘာလုပ္ခဲ့တယ္  ဆိုတာကိုလည္း မယ္မယ္ရရ မေျပာဘဲ အေၾကာင္းမဲ့ ေထာက္ပံ့မႈ မေပးဘူး ဆိုရင္ မလိုအပ္ခ်ိန္မွာ ကိစၥမရွိေပမယ့္ လိုအပ္လာရင္ ေငြေရးေၾကးေရးအရ ပတ္သက္လာရင္း ဇနီးသည္ေတြ ေဖာက္ျပန္တတ္ပါတယ္။

(၅) ေရာဂါဘယ ထူေျပာျခင္း

ေရာဂါဘယ ထူေျပာတဲ့ လင္ေယာက္်ား ဆီကေန ဘာေတြ ရနိုင္သလဲ အၾကမ္းဖ်င္း စဥ္းစားၾကည့္ပါ။ ဘာမွ မရနိုင္ပါ။ စီးပြားေရး လုပ္ရေအာင္ကလည္း မက်န္းမာလို႔၊ လူမႈေရး ဆိုလည္း ေနမေကာင္းလို႔၊ ဟိုကိစၥဆိုလည္း မသန္မာလို႔ ဆိုရင္ ဘယ္လိုလုပ္ အိမ္ေထာင္ေရးက ၿမဲမလဲ။

(၆) စြမ္းေဆာင္ရည္က်ဆင္းျခင္း

စြမ္းေဆာင္ရည္က်ဆင္းျခင္းဆိုတာ အိမ္ေထာင္သည္ ေတာ္ေတာ္မ်ားမ်ား သေဘာေပါက္ပါလိမ့္မယ္။ မိမိစိတ္ေက်နပ္မႈ တစ္ခုတည္း အတြက္သာ ဇနီးကို ဆက္ဆံတယ္ဆိုရင္ အလိုရမၼက္ကို ေမြးေပးသလို ျဖစ္တတ္ပါတယ္။ အဲဒီကိစၥမွာ ဇနီးျဖစ္သူ စိတ္ေက်နပ္မႈ မရတဲ့အခါ ၾကာရင္ မလြယ္ဘူးေပါ့။ ဒီကိစၥမ်ိဳးဆိုတာ ႏွစ္ဦးႏွစ္ဘက္ မွ်တေနမွ အိမ္ေထာင္ေရးမွာ အခ်စ္တိုးၿပီး သာယာတာကိုး။

(၇) အငယ္အေႏွာင္းထားျခင္း

ေနာက္ဆုံးအခ်က္ကေတာ့ အငယ္အေႏွာင္းထားျခင္း ျဖစ္ပါတယ္။ ဒါက အမွတ္စဥ္ (5/6) ၿပီးရင္ ရာခိုင္ႏႈန္း အမ်ားဆုံး ျဖစ္ပါတယ္။ သတိျပဳ ဆင္ျခင္သင့္ပါတယ္။

နတ္စည္ေတာ္

အိမ္ေထာင္ေရးသာယာ အဆင္ေျပၾကပါေစလို႔ #က်န္းမာေရးေဆာင္းပါးမ်ား ဝိုင္းေတာ္သားအားလုံး ဆုေတာင္းေပးလိုက္ပါတယ္။

No comments:

Post a Comment