သင့်ကျန်းမာရေးအတွက် အထောက်အကူပြုဖို့ ကျန်းမာရေးဆောင်းပါးများကို ဖတ်ရှုလိုက်ပါ
Wednesday, December 30, 2015
လိင်ပညာပေးမှုအပေါ် မှားယွင်းစွာ နားလည်မှုနဲ့ အန္တရာယ်များ
(Unicode Version)
ကျောင်းတွေ၊ ကျန်းမာရေး အဖွဲ့အစည်းတွေ၊ မီဒီယာတွေက လူငယ်တွေ အတွက် ဘေးကင်းလုံခြုံမှုရှိတဲ့ လိင်မှုကိစ္စဆိုင်ရာ ပညာပေးမှုတွေလုပ်နေတယ် ဆိုပေမယ့် လိင်ဆက်ဆံမှုကနေ ကူးစက်နိုင်တဲ့ရောဂါ (STD) အကြောင်း မသိတဲ့သူတွေ၊ ကွန်ဒုံးကို ဘယ်လိုသုံးစွဲရမယ်ဆိုတာ ကောင်းကောင်း မသိကြသူတွေ ရှိနေတုန်းပါပဲ။ လိင်မှုဆိုင်ရာ ကျန်းမာရေး သို့မဟုတ် မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်လို့ ဗဟုသုတနည်းပါးခြင်းကြောင့် ပဋိသန္ဓေတားဆီးခြင်းနဲ့ ပတ်သက်လို့လည်း နားလည်မှု မှားယွင်းတာတွေ ဖြစ်လာတတ်ပါတယ်။
လိင်ကိစ္စနဲ့ ပတ်သက်လို့ ယုံတမ်းစကားတွေ ကလည်း လူငယ်တွေကြားမှာ အများကြီး ရှိနေပါတယ်။ အရေးကြီးတာက ဘယ်ဟာက မှန်ကန်တဲ့ အချက်ဖြစ်တယ်၊ ဘယ်ဟာကတော့ ယုံတမ်းစကား တွေသာဖြစ်တယ်ဆိုတာကို ခွဲခြားနားလည် နိုင်ဖို့ပါပဲ။ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်လို့ အများစုက လက်ခံထားတဲ့ လွဲမှားနေတဲ့ အယူအဆ အချို့အကြောင်း ကို အမေရိကန် ရုပ်သံဌာန တခုဖြစ်တဲ့ MSNBC က လေ့လာ တင်ပြခဲ့ဖူးပါတယ်။
ပထမဆုံး အကြိမ် လိင်ဆက်ဆံတာဆိုရင် ကိုယ်၀န်မရနိုင်ဘူး၊ အမျိုးသမီးတွေ ရာသီလာနေစဉ်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူး ဆိုတဲ့ အယူအဆတွေ ရှိနေတယ်၊ ဒါပေမယ့် အဲဒါတွေက ယုံတမ်းစကားတွေသာ ဖြစ်တယ်လို့ အဲဒီ သတင်းက ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကွန်ဒုံးကို အသုံးပြုဖို့ အရေးကြီးတယ်လို့လည်းပြောပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပဋိသန္ဓေတားဆီးဖို့ နဲ့ လိင်ဆက်ဆံမှုကနေ ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တခု ဖြစ်နေလို့ပါပဲ။
MSNBC ရဲ့ သတင်းမှာ ပါတဲ့ နောက်ထပ် အယူအဆမှား တခုကတော့ အိမ်သာ ကမုတ်တွေကနေ လိင်ဆက်ဆံမှုကနေ ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်နိုင်တယ် ဆိုတာပါပဲ။ ဒါပေမယ့် တကယ်တော့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကသာ ရောဂါကူးစက်နိုင်ခြေ ပိုမြင့်မားပါတယ်။
အမျိုးသမီးတွေ ရာသီလာနေစဉ် အတွင်း လိင်ဆက်ဆံရင် ကိုယ်၀န် မရနိုင်ဘူး ဆိုတာလည်း မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ <<<<<<အမျိုးသားသုတ်ပိုးဟာ အမျိုးသမီးရဲ့ ကိုယ်ခန္ဓာထဲမှာ ၅ ရက်လောက် အထိ ဆက်လက်ရှင်သန်နေနိုင်လို့ ဖြစ်ပါတယ်။>>>>>>
တကယ်လို့ အမျိုးသားက သုတ်မလွှတ်မီ အပြင်ကို ဆွဲထုတ်လိုက်ရင်၊ သုတ်ရည်ကို အမျိုးသမီး ကိုယ်ခန္ဓာ အပြင်ဘက်မှာ ထုတ်ခဲ့ရင် ကိုယ်၀န်မရနိုင်ဘူးဆိုတာလဲ မမှန်ပါဘူး။ အစောပိုင်းမှာ အမျိုးသားအင်္ဂါက ထွက်တဲ့ အရည်(အရည်ကြည်) ထဲမှာ သုတ်ပိုး ပါတဲ့ အတွက် ကိုယ်၀န်ရနိုင်ပါတယ်။
တချို့ကတော့ လိင်ဆက်ဆံပြီးတဲ့ အချိန်မှာရေဆေးလိုက်ရင် ဒါမှမဟုတ် အမျိုးသမီး အင်္ဂါအတွင်း မွေးလမ်းကြောင်းထဲကို ရေ သို့မဟုတ် သန့်စင်ဆေးရည်နဲ့ ဆေးကြောလိုက်ရင် ကိုယ်၀န်မရနိုင်ဘူးလို့ ထင်ကြပါတယ်။ ဒါပေမယ့် သုက်လွှတ်ပြီးတဲ့ အချိန်မှာ သုတ်ပိုးတွေက မ မျိုးဥ ဆီကို ဦးတည်ရွေ့လျားသွားကြမှာ ဖြစ်တဲ့ အတွက် ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။
ပဋိသန္ဓေတားဆေးတွေက လိင်ဆက်ဆံမှုကနေ ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း MSNBC က လိင်ကိစ္စမှာ တက်ကြွသူတွေကို သတိပေးခဲ့ပါတယ်။
အကာအကွယ်မဲ့စွာ လိင်ဆက်ဆံမှု တကြိမ်တခါလောက် လုပ်ရုံနဲ့ ဘာမှမဖြစ်ပါဘူးလို့ ယူဆသူတွေ အနေနဲ့ ဒီလို မလုပ်ခင် တကြိမ်လောက်တော့ ထပ်စဉ်းစားကြည့်သင့်ပါတယ်။ တခါတည်းနဲ့ ကိုယ်၀န်ရှိသွားနိုင်သလို ရောဂါလည်း ရသွားနိုင်ပါတယ်။
ဒါကြောင့် လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်လို့ သိနားလည်ချင်တယ်ဆိုရင် ဆရာ၀န်တွေ၊ ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေ နဲ့ မေးမြန်းဆွေးနွေးတာ အကောင်းဆုံးပါပဲ။
(Zawgyi Version)
ေက်ာင္းေတြ၊ က်န္းမာေရး အဖြဲ႔အစည္းေတြ၊ မီဒီယာေတြက လူငယ္ေတြ အတြက္ ေဘးကင္းလံုၿခံဳမႈရွိတဲ့ လိင္မႈကိစၥဆိုင္ရာ ပညာေပးမႈေတြလုပ္ေနတယ္ ဆိုေပမယ့္ လိင္ဆက္ဆံမႈကေန ကူးစက္ႏိုင္တဲ့ေရာဂါ (STD) အေၾကာင္း မသိတဲ့သူေတြ၊ ကြန္ဒံုးကို ဘယ္လိုသံုးစြဲရမယ္ဆိုတာ ေကာင္းေကာင္း မသိၾကသူေတြ ရွိေနတုန္းပါပဲ။ လိင္မႈဆိုင္ရာ က်န္းမာေရး သို႔မဟုတ္ မ်ိဳးဆက္ပြား က်န္းမာေရးနဲ႔ ပတ္သက္လို႔ ဗဟုသုတနည္းပါးျခင္းေၾကာင့္ ပဋိသေႏၶတားဆီးျခင္းနဲ႔ ပတ္သက္လို႔လည္း နားလည္မႈ မွားယြင္းတာေတြ ျဖစ္လာတတ္ပါတယ္။
လိင္ကိစၥနဲ႔ ပတ္သက္လို႔ ယံုတမ္းစကားေတြ ကလည္း လူငယ္ေတြၾကားမွာ အမ်ားၾကီး ရွိေနပါတယ္။ အေရးႀကီးတာက ဘယ္ဟာက မွန္ကန္တဲ့ အခ်က္ျဖစ္တယ္၊ ဘယ္ဟာကေတာ့ ယံုတမ္းစကား ေတြသာျဖစ္တယ္ဆိုတာကို ခြဲျခားနားလည္ ႏိုင္ဖို႔ပါပဲ။ မ်ိဳးဆက္ပြား က်န္းမာေရးနဲ႔ ပတ္သက္လို႔ အမ်ားစုက လက္ခံထားတဲ့ လြဲမွားေနတဲ့ အယူအဆ အခ်ိဳ႕အေၾကာင္း ကို အေမရိကန္ ႐ုပ္သံဌာန တခုျဖစ္တဲ့ MSNBC က ေလ့လာ တင္ျပခဲ့ဖူးပါတယ္။
ပထမဆံုး အႀကိမ္ လိင္ဆက္ဆံတာဆိုရင္ ကိုယ္၀န္မရႏိုင္ဘူး၊ အမ်ိဳးသမီးေတြ ရာသီလာေနစဥ္မွာ လိင္ဆက္ဆံရင္ ကိုယ္ဝန္မရႏိုင္ဘူး ဆိုတဲ့ အယူအဆေတြ ရွိေနတယ္၊ ဒါေပမယ့္ အဲဒါေတြက ယံုတမ္းစကားေတြသာ ျဖစ္တယ္လို႔ အဲဒီ သတင္းက ဆိုပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကြန္ဒံုးကို အသံုးျပဳဖို႔ အေရးႀကီးတယ္လို႔လည္းေျပာပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ပဋိသေႏၶတားဆီးဖို႔ နဲ႔ လိင္ဆက္ဆံမႈကေန ကူးစက္တတ္တဲ့ ေရာဂါေတြကို ကာကြယ္ဖို႔ အေကာင္းဆံုး နည္းလမ္းေတြထဲက တခု ျဖစ္ေနလို႔ပါပဲ။
MSNBC ရဲ႕ သတင္းမွာ ပါတဲ့ ေနာက္ထပ္ အယူအဆမွား တခုကေတာ့ အိမ္သာ ကမုတ္ေတြကေန လိင္ဆက္ဆံမႈကေန ကူးစက္တတ္တဲ့ ေရာဂါေတြ ကူးစက္ႏိုင္တယ္ ဆိုတာပါပဲ။ ဒါေပမယ့္ တကယ္ေတာ့ အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္းကသာ ေရာဂါကူးစက္ႏိုင္ေျခ ပိုျမင့္မားပါတယ္။
အမ်ိဳးသမီးေတြ ရာသီလာေနစဥ္ အတြင္း လိင္ဆက္ဆံရင္ ကိုယ္၀န္ မရႏိုင္ဘူး ဆိုတာလည္း မဟုတ္ပါဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ <<<<<<အမ်ိဳးသားသုတ္ပိုးဟာ အမ်ိဳးသမီးရဲ႕ ကိုယ္ခႏၶာထဲမွာ ၅ ရက္ေလာက္ အထိ ဆက္လက္ရွင္သန္ေနႏိုင္လို႔ ျဖစ္ပါတယ္။>>>>>>
တကယ္လို႔ အမ်ိဳးသားက သုတ္မလႊတ္မီ အျပင္ကို ဆြဲထုတ္လိုက္ရင္၊ သုတ္ရည္ကို အမ်ိဳးသမီး ကိုယ္ခႏၶာ အျပင္ဘက္မွာ ထုတ္ခဲ့ရင္ ကိုယ္၀န္မရႏိုင္ဘူးဆိုတာလဲ မမွန္ပါဘူး။ အေစာပိုင္းမွာ အမ်ိဳးသားအဂၤါက ထြက္တဲ့ အရည္(အရည္ၾကည္) ထဲမွာ သုက္ပိုး ပါတဲ့ အတြက္ ကိုယ္၀န္ရႏိုင္ပါတယ္။
တခ်ိဳ႕ကေတာ့ လိင္ဆက္ဆံၿပီးတဲ့ အခ်ိန္မွာေရေဆးလိုက္ရင္ ဒါမွမဟုတ္ အမ်ိဳးသမီး အဂၤါအတြင္း ေမြးလမ္းေၾကာင္းထဲကို ေရ သို႔မဟုတ္ သန္႔စင္ေဆးရည္နဲ႔ ေဆးေၾကာလိုက္ရင္ ကိုယ္၀န္မရႏိုင္ဘူးလို႔ ထင္ၾကပါတယ္။ ဒါေပမယ့္ သုက္လႊတ္ၿပီးတဲ့ အခ်ိန္မွာ သုတ္ပိုးေတြက မ မ်ိဳးဥ ဆီကို ဦးတည္ေရြ႕လ်ားသြားၾကမွာ ျဖစ္တဲ့ အတြက္ ထိေရာက္မႈရွိမွာ မဟုတ္ပါဘူး။
ပဋိသေႏၶတားေဆးေတြက လိင္ဆက္ဆံမႈကေန ကူးစက္တတ္တဲ့ ေရာဂါေတြကို ကာကြယ္ေပးႏိုင္မွာ မဟုတ္ဘူးလို႔လည္း MSNBC က လိင္ကိစၥမွာ တက္ႂကြသူေတြကို သတိေပးခဲ့ပါတယ္။
အကာအကြယ္မဲ့စြာ လိင္ဆက္ဆံမႈ တၾကိမ္တခါေလာက္ လုပ္႐ံုနဲ႔ ဘာမွမျဖစ္ပါဘူးလို႔ ယူဆသူေတြ အေနနဲ႔ ဒီလို မလုပ္ခင္ တႀကိမ္ေလာက္ေတာ့ ထပ္စဥ္းစားၾကည့္သင့္ပါတယ္။ တခါတည္းနဲ႔ ကိုယ္၀န္ရွိသြားႏိုင္သလို ေရာဂါလည္း ရသြားႏိုင္ပါတယ္။
ဒါေၾကာင့္ လိင္မႈဆိုင္ရာ က်န္းမာေရးနဲ႔ ပတ္သက္လို႔ သိနားလည္ခ်င္တယ္ဆိုရင္ ဆရာ၀န္ေတြ၊ ကၽြမ္းက်င္တဲ့ ေဆးပညာရွင္ေတြ နဲ႔ ေမးျမန္းေဆြးေႏြးတာ အေကာင္းဆံုးပါပဲ။
Credit :: Writer
Sunday, December 27, 2015
မျှစ်ကို စားသုံးခြင်းကြောင့် ရရှိလာနိုင်တဲ့ ကောင်းကျိုးများ
(Unicode Version)
(၁) အစာခြေစနစ်ကျန်းမာခြင်း
မျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါတယ်။
(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း
မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေ ကို လျော့ ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၃) ပိုးသတ်အာနိသင်ရှိခြင်း
မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။
(၄)သွေးဖိအားကိုထိန်းသိမ်းပေးခြင်း
မျှစ်မှာ ပိုက်တက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။
(၅) မကောင်းသောအဆီကိုကျစေခြင်း
မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရော အဆီ (LDL) ကို လျော့ကျစေပါတယ်။ မျှစ်မှာ ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှုများပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါတယ်။
(၆) ဝမ်းမှန်မှန်သွားစေခြင်း
မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုက ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျှစ်တစ်ခွက် စားပေရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ပမာဏကို ရရှိစေပါတယ်။
(၇) အမျိုးသမီးများတွင် ရာသီစက်ဝန်း မှန်စေခြင်း
မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ဓမ္မတာ မှန်မှန် လာစေပါတယ်။
(၈) သည်းခြေအိတ်ကိုကျန်းမာစေခြင်း
ရိုးရာ ဆေးနည်းအနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့အတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသိပြုခဲ့ကြပါတယ်။
(၉) ဒဏ်ရာငယ်များကို သန့်စင်စေခြင်း
မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်က ဒဏ်ရာအပေါ် လိမ်းပေးရင် အနာကျက် မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။
(၁၀) သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း
လိပ်ခေါင်းက သွေးထွက်နေရင် ဂနိုဆီးပူညောင်းကျရောဂါ ဖြစ်နေလျှင် မျှစ်ကို စားပေးပါက သက်သာစေတယ်လို့ တချို့က ဆိုပါတယ်။
(Zawgyi Version)
(၁) အစာေျခစနစ္က်န္းမာျခင္း
မွ်စ္ဟာ အစာအိမ္ရဲ႕ အစာေခ်ဖ်က္တဲ့ လုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစပါတယ္။ မွ်စ္ဟာ အစာအိမ္ ေဝဒနာကို သက္သာေစၿပီး ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါကိုလည္း သက္သာေစပါတယ္။
(၂) နာတာရွည္ေရာဂါ ျဖစ္ႏိုင္ေျခ ေလ်ာ့က်ေစျခင္း
မွ်စ္မွာ ဖီေနာလစ္အက္စစ္ မ်ားစြာ ပါဝင္မႈေၾကာင့္ ေရာင္ရမ္းမႈ ေလ်ာ့က်ၿပီး အင္တီေအာက္ဆီးဒင့္ အစြမ္းရွိပါတယ္။ ဒါေၾကာင့္ ႏွလံုးေရာဂါ အပါအဝင္ နာတာရွည္ ေရာဂါေတြ ကို ေလ်ာ့ က်ေစပါတယ္။ မွ်စ္မွာ ပါဝင္တဲ့ ပိုတက္စီယမ္ဟာလည္း ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။
(၃) ပုိးသတ္အာနိသင္ရွိျခင္း
မွ်စ္မွာ ဖိုင္ကိုကမ္မီကယ္ မ်ားစြာ ပါဝင္တာေၾကာင့္ ဖန္းဂတ္စ္မိႈတား အာနိသင္၊ ဘက္တီးရီးယား ဆန္႔က်င္တဲ့ အာနိသင္နဲ႔ ကင္ဆာတား အာနိသင္တုိ႔ ရွိၾကပါတယ္။
(၄)ေသြးဖိအားကိုထိန္းသိမ္းေပးျခင္း
မွ်စ္မွာ ပိုက္တက္စီယမ္ ပါဝင္မႈ မ်ားတာေၾကာင့္ ေသြးတိုးကို က်ေစပါတယ္။ မွ်စ္တစ္ခြက္မွာ တစ္ေန႔တာ လုိအပ္တဲ့ ပိုတက္စီယမ္ ပမာဏရဲ႕ ငါးပံုတစ္ပံု ပါဝင္ေနပါတယ္။
(၅) မေကာင္းေသာအဆီကိုက်ေစျခင္း
မွ်စ္ဟာ မေကာင္းတဲ့ ကိုလက္စထေရာ အဆီ (LDL) ကို ေလ်ာ့က်ေစပါတယ္။ မွ်စ္မွာ ကယ္လိုရီပါဝင္မႈ ေလ်ာ့နည္းတာေၾကာင့္ အဝလြန္သူေတြနဲ႔ သင့္ေတာ္ပါတယ္။ ဒါ့အျပင္ အမွ်င္ဓာတ္ ပါဝင္မႈမ်ားၿပီး မၾကာခဏ ဆာေလာင္မႈ ေလ်ာ့နည္းတာေၾကာင့္ ကိုယ္အေလးခ်ိန္ ထိန္းေနသူေတြအတြက္ သင့္ေတာ္ပါတယ္။ မွ်စ္ရည္ဟာ အူလမ္းေၾကာင္းရွိ သန္ေကာင္ေတြကို ေလ်ာ့က်ေစပါတယ္။
(၆) ဝမ္းမွန္မွန္သြားေစျခင္း
မွ်စ္မွာ အမွ်င္ဓာတ္မ်ားစြာ ပါဝင္တဲ့အတြက္ အူလႈပ္ရွားမႈက ေကာင္းမြန္ေစၿပီး နာတာရွည္ ဝမ္းခ်ဳပ္မႈ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ မွ်စ္တစ္ခြက္ စားေပရင္ တစ္ေန႔တာ လိုအပ္တဲ့ အမွ်င္ဓာတ္ ပမာဏကို ရရွိေစပါတယ္။
(၇) အမ်ိဳးသမီးမ်ားတြင္ ရာသီစက္ဝန္း မွန္ေစျခင္း
မွ်စ္ေတြဟာ ရာသီစက္ဝန္းကို လံႈ႕ေဆာ္ေပးၿပီး ဓမၼတာ မွန္မွန္ လာေစပါတယ္။
(၈) သည္းေျခအိတ္ကိုက်န္းမာေစျခင္း
႐ိုးရာ ေဆးနည္းအေနနဲ႔ မွ်စ္ကို သည္းေျခအိတ္ ေဝဒနာေတြ ေလ်ာ့က်ဖုိ႔အတြက္ အိမ္သံုးေဆးတစ္လက္ အေနနဲ႔ အရင္က အသိျပဳခဲ့ၾကပါတယ္။
(၉) ဒဏ္ရာငယ္မ်ားကို သန္႔စင္ေစျခင္း
မွ်စ္ရည္ဟာ ဒဏ္ရာငယ္ေတြကို သန္႔စင္ေစတယ္လုိ႔ သိရပါတယ္။ သန္႔ရွင္းတဲ့ မွ်စ္ရည္က ဒဏ္ရာအေပၚ လိမ္းေပးရင္ အနာက်က္ ျမန္ေစတယ္လို႔ တခ်ိဳ႕က ယံုၾကည္ၾကပါတယ္။
(၁၀) ေသြးထြက္ေနေသာ လိပ္ေခါင္းကို သက္သာေစျခင္း
လိပ္ေခါင္းက ေသြးထြက္ေနရင္ ဂႏိုဆီးပူေညာင္းက်ေရာဂါ ျဖစ္ေနလွ်င္ မွ်စ္ကို စားေပးပါက သက္သာေစတယ္လို႔ တခ်ိဳ႕က ဆိုပါတယ္။
Credit :: Writer
Subscribe to:
Posts (Atom)