သင့်ကျန်းမာရေးအတွက် အထောက်အကူပြုဖို့ ကျန်းမာရေးဆောင်းပါးများကို ဖတ်ရှုလိုက်ပါ
Tuesday, June 20, 2017
မီးဖွားပြီးနောက် ပထမဆုံး အကြိမ် ချစ်တင်းမနှောခင် ကြိုတင် သိထားသင့်သည်များ
(Unicode Version)
မီးဖွားပြီးနောက် ပထမဆုံး အကြိမ် ချစ်တင်းမနှောခင် ကြိုတင် သိထားသင့်သည်များ
(မေမေဖေဖေတို့ အမေးများတဲ့ မေးခွန်းလေးပါ)
အမျိုးသမီးတွေ မီးဖွားပြီးတဲ့ အခါမှာ ခင်ပွန်းသည်နဲ့ ချစ်တင်းနှောနိုင်ဖို့အတွက် ရက်သတ္တပတ် ၆ ပတ်ခန့် စောင့်ဆိုင်းရတယ် ဆိုတာ သေချာပါတယ်။
ဒါပေမယ့် သိထားရမှာတစ်ခုက မီးဖွားပြီး ကာစ အမျိုးသမီး တစ်ယောက် အနေနဲ့ ချစ်တင်းနှောဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ခံစားရရင် ၆ ပတ်လုံး စောင့်ဆိုင်း သင့်သလို တစ်ကယ်လို့များ ဆရာဝန်ကလည်း အဆင်သင့် ဖြစ်နေပြီလို့ ပြောလာပြီး အရာအားလုံးလည်း အဆင်ပြေနေတယ်လို့ ခံစားရတယ်ဆိုရင်တော့ ၆ ပတ်လုံး စောင့်နေစရာ မလိုပါဘူး။ ဒါပေမယ့်လည်း သင့်အနေနဲ့ မီးဖွားပြီးနောက် ပထမဆုံးအကြိမ် လိင်ဆက်ဆံတော့မယ် ဆိုရင် အဲ့ဒီလို လိင်ဆက်ဆံမှုအတွက် သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။
၁။ မိခင်နို့ချို ထွက်နေပါလိမ့်မယ် ☺
သင်ဟာ မိခင်နို့တိုက်ကျေွးသူဖြစ်စေ၊ မတိုက်ကျေွးသူဖြစ်စေ သင့်ရင်သား တွေဟာ မီးဖွားပြီးတာနဲ့ မိခင်နို့ချိုကို ထုတ်လုပ်နေမှာ သေချာပါတယ်။ မိခင်နို့မတိုက်ပဲ အချိန်တစ်ခု ကြာအောင် နေလိုက်မှသာ နို့ချိုထုတ်လုပ်မှု ရပ်နားသွားမှာ ဖြစ်တာကြောင့် သင်ဟာ မီးဖွားပြီး ပထမဆုံး လိင်ဆက်ဆံတဲ့အခါမှာ သင့်လက်တွဲဖော်ရဲ့ အထိအတွေ့တွေကြောင့် နို့ချိုထွက်လာနိုင်ပါတယ်။
၂။ နာကျင်ရပါလိမ့်မယ် 😣
အမျိုးသမီးတိုင်းတော့မဟုတ်ပေမယ့် အမျိုးသမီး အများစုဟာ မီးဖွားပြီးနောက် ပထမဆုံး လိင်ဆက်ဆံတဲ့အခါမှာ လိင်အင်္ဂါအတွင်းက တစ်သျှူးများ ထိခိုက်မှု၊ နောက်ကျော နာကျင်မှု ၊ သွေးလိပ်ခေါင်းရောဂါ အစရှိတဲ့ နာကျင်မှုတွေကို ကြုံတွေ့ရလေ့ ရှိပါတယ်။ ဒါပေမယ့် ခဏတာအတွက်ပဲ နာကျင်ရတာပါ။ အဲဒီလို မီးဖွားပြီးနောက် ပထမဆုံး လိင်ဆက်ဆံလို့ ဘာနာကျင်မှု မှ မခံစားရသည်ဖြစ်စေ ၊ အလွန်အမင်း နာကျင်ခံစားရသည်ဖြစ်စေ သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် တိုင်ပင်သင့်ပါတယ်။
၃။ အပြစ်ရှိသလို ခံစားရပါလိမ့်မယ် 😩
မိခင်ဖြစ်ကာစ အမျိုးသမီးတွေ ခံစားရလေ့ရှိတာက မိမိရင်သွေး အနားက မိနစ်အနည်းငယ်လောက် ဝေးကွာသွားတဲ့အခါမှာ စိတ်ထဲမှာ မကောင်းသလို ဖြစ်လာတာပါ။ ဒါပေမယ့်လည်း ရင်သွေးအနားက မခွာနိုင်လို့ လက်တွဲဖော်ရဲ့ စိတ်ဆန္ဒတွေကို လစ်လျုရှုလိုက်ရင်လည်း အပြစ်ရှိတယ်လို့ ခံစားရမှာပါပဲ။ ဒါကြောင့် မီးဖွားပြီးနောက် ပထမဆုံး အကြိမ်ပြန်ပြီး လိင်ဆက်ဆံတဲ့အခါ အပြစ်ရှိနေသလို ခံစားနေရမှာပါ။
၄။ ပြန်လည် သန့်ရှင်းရေး လုပ်ဖို့ လိုအပ်ပါလိမ့်မယ်
မီးဖွားပြီးနောက် ပထမဆုံး လိင်ဆက်ဆံမယ်ရင် အပေါ်မှာ ဖော်ပြခဲ့သလိုပဲ မိခင်နို့ချိုထွက်ရှိလာခြင်း ၊ လိင်အင်္ဂါ အတွင်းက တစ်သျှူးတွေ ထိခိုက်မှုကြောင့် သွေးထွက်လာခြင်း အပါအဝင် ခန္ဒာကိုယ်တွင်းက ထုတ်လုပ်တဲ့ အရည်အချို့ကြောင့် သင်ဟာ လိင်ဆက်ဆံပြီးရင်တော့ ပြန်လည် သန့်ရှင်းရေး လုပ်ကို လုပ်ရပါလိမ့်မယ်။
Credit :: Trend Myanmar
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(Zawgyi Version)
မီးဖြားၿပီးေနာက္ ပထမဆုံး အႀကိမ္ ခ်စ္တင္းမေႏွာခင္ ႀကိဳတင္ သိထားသင့္သည္မ်ား
(ေမေမေဖေဖတို႔ အေမးမ်ားတဲ့ ေမးခြန္းေလးပါ)
အမ်ိဳးသမီးေတြ မီးဖြားၿပီးတဲ့ အခါမွာ ခင္ပြန္းသည္နဲ႕ ခ်စ္တင္းေႏွာနိုင္ဖို႔အတြက္ ရက္သတၱပတ္ ၆ ပတ္ခန႔္ ေစာင့္ဆိုင္းရတယ္ ဆိုတာ ေသခ်ာပါတယ္။
ဒါေပမယ့္ သိထားရမွာတစ္ခုက မီးဖြားၿပီး ကာစ အမ်ိဳးသမီး တစ္ေယာက္ အေနနဲ႕ ခ်စ္တင္းေႏွာဖို႔ အဆင္သင့္ မျဖစ္ေသးဘူးလို႔ ခံစားရရင္ ၆ ပတ္လုံး ေစာင့္ဆိုင္း သင့္သလို တစ္ကယ္လို႔မ်ား ဆရာဝန္ကလည္း အဆင္သင့္ ျဖစ္ေနၿပီလို႔ ေျပာလာၿပီး အရာအားလုံးလည္း အဆင္ေျပေနတယ္လို႔ ခံစားရတယ္ဆိုရင္ေတာ့ ၆ ပတ္လုံး ေစာင့္ေနစရာ မလိုပါဘူး။ ဒါေပမယ့္လည္း သင့္အေနနဲ႕ မီးဖြားၿပီးေနာက္ ပထမဆုံးအႀကိမ္ လိင္ဆက္ဆံေတာ့မယ္ ဆိုရင္ အဲ့ဒီလို လိင္ဆက္ဆံမႈအတြက္ သိထားသင့္တဲ့ အခ်က္ေတြ ရွိပါတယ္။
၁။ မိခင္နို႔ခ်ိဳ ထြက္ေနပါလိမ့္မယ္ ☺
သင္ဟာ မိခင္နို႔တိုက္ေကြၽးသူျဖစ္ေစ၊ မတိုက္ေကြၽးသူျဖစ္ေစ သင့္ရင္သား ေတြဟာ မီးဖြားၿပီးတာနဲ႕ မိခင္နို႔ခ်ိဳကို ထုတ္လုပ္ေနမွာ ေသခ်ာပါတယ္။ မိခင္နို႔မတိုက္ပဲ အခ်ိန္တစ္ခု ၾကာေအာင္ ေနလိုက္မွသာ နို႔ခ်ိဳထုတ္လုပ္မႈ ရပ္နားသြားမွာ ျဖစ္တာေၾကာင့္ သင္ဟာ မီးဖြားၿပီး ပထမဆုံး လိင္ဆက္ဆံတဲ့အခါမွာ သင့္လက္တြဲေဖာ္ရဲ႕ အထိအေတြ႕ေတြေၾကာင့္ နို႔ခ်ိဳထြက္လာနိုင္ပါတယ္။
၂။ နာက်င္ရပါလိမ့္မယ္ 😣
အမ်ိဳးသမီးတိုင္းေတာ့မဟုတ္ေပမယ့္ အမ်ိဳးသမီး အမ်ားစုဟာ မီးဖြားၿပီးေနာက္ ပထမဆုံး လိင္ဆက္ဆံတဲ့အခါမွာ လိင္အဂၤါအတြင္းက တစ္သ်ႉးမ်ား ထိခိုက္မႈ၊ ေနာက္ေက်ာ နာက်င္မႈ ၊ ေသြးလိပ္ေခါင္းေရာဂါ အစရွိတဲ့ နာက်င္မႈေတြကို ႀကဳံေတြ႕ရေလ့ ရွိပါတယ္။ ဒါေပမယ့္ ခဏတာအတြက္ပဲ နာက်င္ရတာပါ။ အဲဒီလို မီးဖြားၿပီးေနာက္ ပထမဆုံး လိင္ဆက္ဆံလို႔ ဘာနာက်င္မႈ မွ မခံစားရသည္ျဖစ္ေစ ၊ အလြန္အမင္း နာက်င္ခံစားရသည္ျဖစ္ေစ သက္ဆိုင္ရာ ဆရာဝန္နဲ႕ သြားေရာက္ တိုင္ပင္သင့္ပါတယ္။
၃။ အျပစ္ရွိသလို ခံစားရပါလိမ့္မယ္ 😩
မိခင္ျဖစ္ကာစ အမ်ိဳးသမီးေတြ ခံစားရေလ့ရွိတာက မိမိရင္ေသြး အနားက မိနစ္အနည္းငယ္ေလာက္ ေဝးကြာသြားတဲ့အခါမွာ စိတ္ထဲမွာ မေကာင္းသလို ျဖစ္လာတာပါ။ ဒါေပမယ့္လည္း ရင္ေသြးအနားက မခြာနိုင္လို႔ လက္တြဲေဖာ္ရဲ႕ စိတ္ဆႏၵေတြကို လစ္လ်ဳရႈလိုက္ရင္လည္း အျပစ္ရွိတယ္လို႔ ခံစားရမွာပါပဲ။ ဒါေၾကာင့္ မီးဖြားၿပီးေနာက္ ပထမဆုံး အႀကိမ္ျပန္ၿပီး လိင္ဆက္ဆံတဲ့အခါ အျပစ္ရွိေနသလို ခံစားေနရမွာပါ။
၄။ ျပန္လည္ သန႔္ရွင္းေရး လုပ္ဖို႔ လိုအပ္ပါလိမ့္မယ္
မီးဖြားၿပီးေနာက္ ပထမဆုံး လိင္ဆက္ဆံမယ္ရင္ အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ မိခင္နို႔ခ်ိဳထြက္ရွိလာျခင္း ၊ လိင္အဂၤါ အတြင္းက တစ္သ်ႉးေတြ ထိခိုက္မႈေၾကာင့္ ေသြးထြက္လာျခင္း အပါအဝင္ ခႏၵာကိုယ္တြင္းက ထုတ္လုပ္တဲ့ အရည္အခ်ိဳ႕ေၾကာင့္ သင္ဟာ လိင္ဆက္ဆံၿပီးရင္ေတာ့ ျပန္လည္ သန႔္ရွင္းေရး လုပ္ကို လုပ္ရပါလိမ့္မယ္။
Credit :: Trend Myanmar
Saturday, June 17, 2017
ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
(Unicode Version)
ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီး တွယ်ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလဲ နာတာ ခံစားရနိုင်တယ်။ ရာသီလာလို့ နာတာနဲ့ ကိုယ်ဝန်ရှိလို့ နာတာ ခွဲခြားတတ်ရမယ်။ မျိုးဥထွက်ချိန်ဆိုတာ (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။
၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ ထင်ခြင်း။ ဆိုလိုတာက စိတ်က အသိပေးသလို၊ သိလာသလို ဖြစ်တာကို ပြောတာပါ။
၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း။
၄။ အတူနေချင်စိတ်် ပြောင်းလဲလာခြင်း။
၅။ ရင်သားနာခြင်း။
၆။ ရင်သား ပိုကြီးထွားလာခြင်း။
၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီး သိသာလာခြင်း။
၈။ ညှစ်ရင် နို့ရည်ကြည် နဲနဲ ထွက်နိုင်ခြင်း။
၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။
၁ဝ။ ချင်ခြင်းတပ်ခြင်း။
၁၁။ အားကုန်ခြင်း။
၁၂။ အသားအရေပြောင်းလဲလာခြင်း။
၁၃။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။
၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊ အရောင် ၂ ကြောင်း ပေါ်ခြင်း။
၁၅။ ဗိုက်ထဲက ကလေးလှုပ်တာကို သိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ်အထိလဲ ဖြစ်နိုင်တယ်။
၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)။
၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း။
၁၈။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။
၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ (အာလ်ထွာဆောင်း) နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊
၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။
သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ -
ခေါင်းကိုက်တာ၊ စိတ်မူပြောင်းခြင်း၊ စိတ်တိုခြင်း၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) ဝမ်းချုပ်တာ Progesterone ကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလဲ အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင် ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။
■■■ ကိုယ်ဝန်ရှိ-မရှိ စမ်းသပ်ခြင်း
Urine Pregnancy Test ဆီးစစ်နည်းကို သိပ်စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တစ်ပါတ်နေလို့ မလာသေးရင် စမ်းပါ။ ကိုယ်ဝန်ရှိမယ် ထင်ပေမဲ့ အနုတ်ပြနေရင် နောက်တစ်ပါတ် အကြာမှာ တစ်ခါထပ်စမ်းပါ။ မနက်ခင်းသွား ဆီးကို စစ်ပါ။ ရေလဲ မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ်ရတယ်။
ဆီးစစ်ရမဲ့ရက်ဆိုတာ မ-မျိုးဥထွက်ချိန် (လလည်ရက်) ရဲ့နောက် ၆-၁၂ ရက်မှာဖြစ်တယ်။ ဒီထက်စောပြီး ဘယ်နည်းနဲ့ စမ်းစမ်း မသိနိုင်ဘူး။ မ-မျိုးဥက ပုံမှန် ၁၄ ရက်မှာ ထွက်ပေမဲ့ နောက်ကျနေသူတွေဆိုရင် မတူနိုင်ဘူး။ ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ တိကျဘို့ရာ ဘယ်ရက်မှာ အတူနေခဲ့သလဲဆိုတာထက် ဘယ်ရက်မှာ မျိုးဥထွက်သလဲက အရေးပါတယ်။
#ကျန်းမာရေးဆောင်းပါးများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(Zawgyi Version)
ကိုယ္ဝန္ရွိျခင္း လကၡဏာ (၂ဝ)
၁။ ရာသီမလာေတာ့ပါ၊ ဒါေပမဲ့ ေပါင္းစပ္ၿပီးသား မ်ိဳးဥက သားအိမ္ အတြင္းဆုံးလႊာကို လာၿပီး တြယ္ကပ္ခ်ိန္မွာ ေသြးနဲနဲ စြန္းမယ္။ ဆီးစပ္ေနရာကလဲ နာတာ ခံစားရနိုင္တယ္။ ရာသီလာလို႔ နာတာနဲ႕ ကိုယ္ဝန္ရွိလို႔ နာတာ ခြဲျခားတတ္ရမယ္။ မ်ိဳးဥထြက္ခ်ိန္ဆိုတာ (လလည္ရက္) နဲ႕ ၆-၁ဝ ရက္မွာျဖစ္တယ္။
၂။ ကိုယ့္ကိုယ္ကို ကိုယ္ဝန္ရွိေနတယ္လို႔ ထင္ျခင္း။ ဆိုလိုတာက စိတ္က အသိေပးသလို၊ သိလာသလို ျဖစ္တာကို ေျပာတာပါ။
၃။ ပ်ိဳ႕-အန္ျခင္း၊ အစားမစားခ်င္ျဖစ္လာျခင္း။
၄။ အတူေနခ်င္စိတ္္ ေျပာင္းလဲလာျခင္း။
၅။ ရင္သားနာျခင္း။
၆။ ရင္သား ပိုႀကီးထြားလာျခင္း။
၇။ ရင္သား အေရာင္ရင့္အဝိုင္းမွာ အသီးငယ္ေလးေတြ ထြက္လာျခင္း၊ ရွိၿပီးသားေတြက ပိုၿပီး သိသာလာျခင္း။
၈။ ညွစ္ရင္ နို႔ရည္ၾကည္ နဲနဲ ထြက္နိုင္ျခင္း။
၉။ ဆီးခဏခဏသြားရျခင္း၊ ကိုယ္ဝန္ေဆာင္ အမ်ားစုက ၆-၈ ပါတ္မွာ ျဖစ္ၾကတယ္။ ဆီးလမ္းပိုးဝင္တာ၊ ဆီးခ်ိဳေရာဂါ နဲ႕ ဆီးသြားေစတဲ့ေဆးေတြေၾကာင့္လဲ အဲလို ဆီးခဏခဏသြားခ်င္တာနဲ႕ ခြဲျခားရမယ္။
၁ဝ။ ခ်င္ျခင္းတပ္ျခင္း။
၁၁။ အားကုန္ျခင္း။
၁၂။ အသားအေရေျပာင္းလဲလာျခင္း။
၁၃။ မတ္တပ္ရပ္လိုက္ရင္ ေခါင္းမူးမယ္၊ သတိလစ္ခ်င္သလိုျဖစ္မယ္။
၁၄။ ဆီး-ေသြးစစ္လွ်င္ အေပါင္းျပျခင္း၊ အေရာင္ ၂ ေၾကာင္း ေပၚျခင္း။
၁၅။ ဗိုက္ထဲက ကေလးလႈပ္တာကို သိေနျခင္း အမ်ားဆုံးက ၂ဝ ပါတ္ေက်ာ္မွသာ သိတယ္။၊ ၁၃-၂၅ ပါတ္အထိလဲ ျဖစ္နိုင္တယ္။
၁၆။ ဗိုက္ေၾကာ စသည္ျပတ္ျခင္း (ေနာက္ပိုင္းမွသာျဖစ္တယ္)။
၁၇။ ဓါတ္မွန္ရိုက္ရင္ ျမင္ရျခင္း။
၁၈။ (အာလ္ထြာေဆာင္း) ရိုက္လွ်င္ေတြ႕ရျခင္း၊ ကိုယ္ဝန္ ၄ ပါတ္ခြဲမွာ Gestational sac ျမင္ရၿပီ။ Yolk sac ကို ၅ ပါတ္၊ Embryo ကို ၅ ပါတ္ခြဲမွာျမင္ရၿပီ။
၁၉။ ကေလးႏွလုံးခုန္သံ နားေထာင္၍ရျခင္း၊ Doppler ကရိယာနဲ႕နားေထာင္ရင္ ၈-၁ဝ ပါတ္အထိ မၾကားနိုင္ေသးပါ။ ၁၂-၁၄ ပါတ္ေရာက္မွသာ ၾကားရတာမ်ားတယ္။ စၾကားရခ်ိန္မယ္ တမိနစ္ကို ၁၈ဝ အထိျမန္တယ္။ ေနာက္ပိုင္း ပုံမွန္ ၁၂ဝ-၁၆ဝ အထိရွိတယ္။ (အာလ္ထြာေဆာင္း) နဲ႕စမ္းရင္ ၆ ပါတ္မွာ ၉ဝ-၁၁ဝ၊ ၉ ပါတ္မွာ ၁၄ဝ-၁၇ဝ၊
၂ဝ။ သားအိမ္ႀကီးလာျခင္း၊ ကိုယ္ဝန္ ၁၂ ပါတ္ကစၿပီး ဆီးစပ္ေနရာကေန သားအိမ္အျမင့္ကို လက္နဲ႕စမ္းလို႔ရၿပီ။
သိပ္မသိသာတဲ့၊ လူတိုင္းျဖစ္ခ်င္မွျဖစ္မဲ့ အခ်က္ေတြကေတာ့ -
ေခါင္းကိုက္တာ၊ စိတ္မူေျပာင္းျခင္း၊ စိတ္တိုျခင္း၊ (ဒီအခ်က္ေတြဟာ ရာသီမလာခင္ျဖစ္ခ်င္တာေတြနဲ႕ အတူတူျဖစ္တယ္။) ဝမ္းခ်ဳပ္တာ Progesterone ေၾကာင့္ျဖစ္တယ္။ ဒီေဟာ္မုန္းက အစာကိုေအာက္ဆင္းတာ ေႏွးေစတယ္။ (ဗဂ်ိဳင္းနား) နံရံေတြက ပိုထူလာတယ္။ (ဗဂ်ိဳင္းနား) ပိုၿပီးစိုတာ၊ ျဖဴတဲ့ နို႔လိုဆင္းတယ္။ ကိုယ္ဝန္ရွိေနတဲ့ကာလ တေလွ်ာက္လုံးမွာလဲ အဲလိုရွိေနနိုင္တယ္။ ေဆးကုစရာ မလိုပါ။ ဒါေပမဲ့ အနံ႕ဆိုးလာရင္၊ ယားယံလာရင္၊ ဆင္းတာက အေရာင္ ေျပာင္းလာရင္ေတာ့ ေဆးစစ္ၿပီး ကူသမႈခံယူရမယ္။
■■■ ကိုယ္ဝန္ရွိ-မရွိ စမ္းသပ္ျခင္း
Urine Pregnancy Test ဆီးစစ္နည္းကို သိပ္ေစာေစာစမ္းရင္ ကိုယ္ဝန္ရွိေနေပမဲ့ အႏုတ္ျပနိုင္တယ္။ ရာသီလာရမဲ့ရက္ထက္ တစ္ပါတ္ေနလို႔ မလာေသးရင္ စမ္းပါ။ ကိုယ္ဝန္ရွိမယ္ ထင္ေပမဲ့ အႏုတ္ျပေနရင္ ေနာက္တစ္ပါတ္ အၾကာမွာ တစ္ခါထပ္စမ္းပါ။ မနက္ခင္းသြား ဆီးကို စစ္ပါ။ ေရလဲ မေသာက္ေသးဘဲ ၄ နာရီေလာက္ ဆီးေအာင့္ထားၿပီး သြားတဲ့ဆီးလဲ ရတယ္။ ကိုယ္ဝန္ ၄-၅ ပတ္ရွိေနသူဆိုရင္ ဘယ္အခ်ိန္သြားတဲ့ဆီးျဖစ္ျဖစ္ရတယ္။
ဆီးစစ္ရမဲ့ရက္ဆိုတာ မ-မ်ိဳးဥထြက္ခ်ိန္ (လလည္ရက္) ရဲ႕ေနာက္ ၆-၁၂ ရက္မွာျဖစ္တယ္။ ဒီထက္ေစာၿပီး ဘယ္နည္းနဲ႕ စမ္းစမ္း မသိနိုင္ဘူး။ မ-မ်ိဳးဥက ပုံမွန္ ၁၄ ရက္မွာ ထြက္ေပမဲ့ ေနာက္က်ေနသူေတြဆိုရင္ မတူနိုင္ဘူး။ ကိုယ္ဝန္ ရွိ-မရွိ စမ္းတယ္ဆိုတာ တိက်ဘိဳ႕ရာ ဘယ္ရက္မွာ အတူေနခဲ့သလဲဆိုတာထက္ ဘယ္ရက္မွာ မ်ိဳးဥထြက္သလဲက အေရးပါတယ္။
#က်န္းမာေရးေဆာင္းပါးမ်ား
Subscribe to:
Posts (Atom)